Apps

ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ဖို့ Fitwall

health-exercise-d0-fitwall

Fitwallဆိုတာ ကိုယ်လက် လေ့ကျင့်ခန်းလုပ်ဖို့ အတွက်ရော၊ အဆီချတဲ့ လုပ်ငန်းစဉ်တွေ အတွက်ပါ သုံးစွဲနိုင်တဲ့ စက်ပစ္စည်းသစ် ဖြစ်ပြီးတော့ ကယ်လီဖိုးနီးယား ပြည်နယ်မှာ တပ်ဆင်သုံးစွဲနေပြီ ဖြစ်ပါတယ်။ Fitwallဟာ အသုံးပြု လုပ်ဆောင်နစဉ်အတွင်း လေ့ကျင့်ခန်း လုပ်နေသူရဲ့ နှလုံးခုန်နှုန်းကို ဖမ်းယူဖော်ပြပေး နေမှာ ဖြစ်ပြီးတော့ အနားယူဖို့၊ လေ့ကျင့်ခန်း လုပ်ဖိ်ု့တွေအတွက် Alertတွေ လုပ်ပေးနေမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ Fitwallဟာ ၇.၅ ပေ အမြင့်ရှိပြီး အရပ်အမြင့်အပေါ် မူတည်ပြီး ခြေတင်တန်း လေးတန်းနှင့် လက်ကိုင်တန်း လေးတန်းပါ၀င်ကြောင်း သိရပါတယ်။

သင့်အနေနဲ့ Fitwallကို iPadနဲ့ တစ်ဆင့် ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပြီးတော့ အဆိုပါ iPadမှ တစ်ဆင့် နှလုံးခုန်နှုန်းတွေနဲ့ အလုပ်လုပ်ဆောင်မှု နှုန်းတွေကို ဖော်ပြပေးပါလိမ့်မယ်။ Fitwallမှာ ကိုယ်လက် လေ့ကျင့်ခန်းပေါင်း ၉၀၀ကျော်လောက် လုပ်ဆောင်နိုင်မှာ ဖြစ်ပေမယ့် လက်ရှိမှာတော့ သုံးစွဲသူတွေက လေ့ကျင့်ခန်းနည်းပေါင်း ၁၄ မျိုးလောက်ကိုသာ အသုံးပြု လေ့ကျင်ကြကြောင်း သိရပါတယ်။ Fitwallဟာ ခေတ်သစ် လေ့ကျင့်ခန်းသုံး စက်ပစ္စည်းတွေရဲ့ ကနဦးသာ ဖြစ်ပြီးတော့ နောက်ထပ် နည်းပညာသစ်ပေါင်း ၁၀၀ကျော်ကို စမ်းသပ်နေကြောင်း Fitwallကို ဦးဆောင်တီထွင်သူ Josh Weinsteinက ပြောပါတယ်။ ဒါ့အပြင် အချောသပ် လုပ်ဆောင်မှုများအား မကြာမီ အချိန်အတွင်း လုပ်ဆောင်ပြီး Fitwallအား ဈေးကွက်တင်သွားတော့မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *