News

ဆန္ဒပြ ဖိလစ်ပိုင် ANONYMOUS အုပ်စုက ဆိုက်ဘာတိုက်ခိုက်မှုများ ပိုမိုပြုလုပ်သွားမည်ဟု ကတိပြု

မျက်နှာဖုံးများတပ်ဆင်ထားသည့် ဖိလစ်ပိုင် ANONYMOUS အုပ်စု အဖွဲ့၀င် ၁၀၀ ခန့်သည် နို၀င်ဘာ၅ရက်က ပါလီမန် အဆောက်အအုံသို့ ချီတက်ပြီးလာဘ်စားမှုများကို ရှုတ်ချကာ ဆိုက်ဘာတိုက်ခိုက်မှုများ ပိုမိုပြုလုပ်မည် ဖြစ်ကြောင်း ကတိပြုခဲ့သည်ဟု AFP သတင်းတစ်ရပ်တွင် ဖေါ်ပြထားသည်။ အစိုးရ ၀က်ဘ်ဆိုက်ပေါင်း ၃၀ခန့် သုံးမရဖြစ်သွားပြီး နောက်သီတင်းတစ်ပတ် အကြာတွင် ယခုကဲ့သို့ပြုလုပ်ခြင်း ဖြစ်သည် ဟုဆိုသည်။

GUY FAWKES မျက်နှာဖုံးများ တပ်ဆင်ထားသည့် ဟက်ကာများသည် မနီလာမြို့ မြောက်ပိုင်းရှိ ကွီဇွန်စီးတီး ဆင်ခြေဖုံးတွင် ပါလီမန်အဆောက်အအုံ အပြင်ဘက်၌ ဒါဇင်နှင့်ချီသော အဓိကရုဏ်း နှိမ်နင်းရေးရဲများနှင့် ထိပ် တိုက်တွေ့ဆုံမှု ဖြစ်ပွားခဲ့သည်ဟုသိရသည်။ ဆန္ဒပြနေသော ဟက်ကာအုပ်စု၏ ခေါင်းဆောင်တစ်ဦးက “ကျွန်တော်တို့ ဒီနေ့ ဒီနေရာမှာ အစိုးရစနစ်သစ် တစ်ရပ်ဖြစ်ပေါ်လာဖို့ ဖိအားပေးပါတယ် “ ဟုပြောကြားခဲ့သည်။

၄င်းတို့သည် လမ်းများကိုပိတ်ဆို့ခဲ့သောကြောင့် ယာဉ်ကြောများ တစ်နာရီခန့်ကြာ ရပ်ဆိုင်းသွားခဲ့သည်ဟု ဆိုသည်။ ဆန္ဒပြသူ အများစုသည် အနက်ရောင်၀တ်စုံများကို ၀တ်ဆင်ထားပြီး “လာဘ်စားမှုက ကျွန်တော်တို့ကို ခြိမ်းခြောက်နေတယ်၊ ရိုးသားမှုက ကျွန်တော်တို့ကို ထောက်ပံ့ပေးတယ်။ သူရဲကောင်းဆန်မှုက ကျွန်တော်တို့နဲ့ပူးပေါင်းတယ်” အစရှိသော စာတန်းများကို ကိုင်ဆောင်ထားကြသည်။

အစိုးရတာ၀န်ရှိသူများက ယင်းတို့အုပ်စု၏ အဖွဲ့၀င်များ ကိုတရားစွဲ ဆိုမည်ဖြစ်သော်လည်း ၄င်းတို့သည် မည်သူမည်ဝါဖြစ်ကြောင်း ဖေါ်ထုတ်ရခြင်း မရှိသေးသောကြောင့် ကြန့်ကြာနေရခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ ကြောင်းသိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “ဆန္ဒပြ ဖိလစ်ပိုင် ANONYMOUS အုပ်စုက ဆိုက်ဘာတိုက်ခိုက်မှုများ ပိုမိုပြုလုပ်သွားမည်ဟု ကတိပြု

  1. ဒီ anonymous က စင်ကပူ အစိုးရ website တွေလည်းလိုက်ဖျက်စီးနေတယ်

Leave a Reply

Your email address will not be published. Required fields are marked *