News

ဒေသတွင်း စုပေါင်းလုံခြုံရေး ဆောင်ရွက်မှုကို သံတမန်နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းကိုထောက်ခံ

ဒေသတွင်း စုပေါင်းလုံခြုံရေးဆောင်ရွက်မှု သံတမန် နည်းလမ်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်း မှုကိုထောက်ခံပြီး အကြောင်းအမျိုးမျိုးဖြင့် အင်အားပြမှုသည် သံသယကို ကြီးထွားစေသည်ဟု တရုတ်ပြည်သူ လွတ်မြောက်ရေး တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Fang Fenghui နှင့် အောက်တိုဘာ ၁၄ရက်မွန်းလွှဲပိုင်းက ပေကျင်းမြို့ ၌ တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည် ဟုကာကွယ် ရေး၀န်ကြီးဌာန မှရရှိသော သတင်းများကဆိုသည်။

တောင်တရုတ်ပင်လယ် အရေးကိစ္စ နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထား ရပ်တည်ချက်မှာ အာဆီယံ မှလုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းသွားရန်ကတိက၀တ် ပြုမှုကိုကြိုဆိုသည် ဟု ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။ ဒေသတွင်း လုံခြုံရေးနှင့်ပတ်သက်၍ မျက်မှောက်ခေတ် ကာလတွင် ကမ္ဘာနိုင်ငံအသီးသီးတို့ သည်ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေကြသော်လည်း စီးပွားရေး၊လူမှုရေး၊ဘာသာရေး၊ ါဒရေး တို့အပေါ် မူတည်၍ ကမ္ဘာအင်အားကြီး နိုင်ငံများအနေဖြင့် ၄င်းတိုစိတ်၀င်စားသည့် ဒေသများတွင် အင်အားဖြန့်ကျက် မှုများကို ပိုမိုများပြားလာသည် ဟု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၊အာဆီယံနိုင်ငံ များသာမက ကမ္ဘာနိုင်ငံများနှင့်ပါ ချစ်ကြည်ရင်းနှီး မှုဆက်ဆံရေး တိုးမြှင့်လုပ်ဆောင်နေကြောင်း၊ မိမိတို့တွင် မိတ်ဆွေနိုင်ငံများသာရှိပြီး ရန်သူမရှိသကဲ့သို့ မိတ်ဆွေ ကိုလည်းရန်သူမဖြစ်စေပါကြောင်း၊ တပ်မတော်အနေ ဖြင့်နိုင်ငံတော်လုံခြုံ အောင်ကာကွယ်ရန် အဓိကတာ၀န် ရှိကြောင်း နိုင်ငံတော်လုံခြုံရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကပြောကြားသည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Fang Fenghui ကလည်း” ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီးငါးချက် အပေါ်အခြေခံသည့် တရုတ်-မြန်မာဆက်ဆံရေး သည်နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင်ကျယ်ပြန့် ကြောင်း၊တရုတ်-မြန်မာ မဟာဗျူဟာမြောက် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက် ရေး၏ရလဒ်များကို ထိန်းသိမ်းပြီး ပိုမိုတိုးတက်အောင် ကြိုးစားသွားမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ သည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *