News

Google မှ abcdefghijklmnopqrstuvwxyz.com ကို ဝယ်ယူ

Alphabet အဖြစ် အမည်ပြောင်းခဲ့တဲ့ Google ဟာ မကြာသေးခင်ကပဲ ထူးဆန်းတဲ့ web domain နာမည်တစ်ခုကို ဝယ်ယူခဲ့တယ်လို့သိရပါတယ်။ အဲဒီ domain ဟာ ကုမ္ပဏီရဲ့နာမည်နဲ့ ကိုက်ညီတယ်လို့တော့ တစ်ဖက်ကဆိုနိုင်ပါတယ်။

Alphabet (Google) ဟာ abcdefghijklmnopqrstuvwxyz.com ဆိုတဲ့ စကားလုံး ၂၆ လုံးပါဝင်တဲ့ domain name ကို ဝယ်ယူခဲ့တာဖြစ်ပါတယ်။ အဆိုပါ URL ကို ၁၉၉၉ ခုနှစ်မှာ ဖန်တီးခဲ့တာဖြစ်ပြီး အမည်မသိ ပိုင်ရှင်တစ်ယောက်က Google ကို လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်တယ်လို့ DomainInvesting.com က ဆိုပါတယ်။

“abc.xyz ဟာ မလုံလောက်ဘူးလို့ ထင်တဲ့အတွက် အခုလို ပြည့်စုံတဲ့ domain name ကို ဝယ်ခဲ့တာပါ”လို့ Google ရဲ့ တာဝန်ရှိသူတစ်ဦးက domain နာမည် သစ်ဝယ်ယူခြင်းနဲ့ပတ်သက်ပြီး ရှင်းလင်းချက် ထုတ်ပြန်ခဲ့ပါတယ်။

Google ကနေ ဒီလိုမျိုး ထူးဆန်းတဲ့ domain name ကို ဝယ်ယူခဲ့တာက ပြိုင်ဘက် Apple နဲ့ Facebook တို့က ယင်း domain name ကို လက်ဦးမှုရယူသွားနိုင်တာကြောင့် ဖြစ်တယ်လို့ အိုင်တီ သတင်းဌာနဖြစ်တဲ့ Recode ကဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *