Featured, Mobile, Review

ဘက်ထရီသက်တမ်းရှည် စမတ်ဖုန်း ၅ လုံး

ကိုယ်တစ်ကယ်အလိုရှိတဲ့အချိန်၊ အရေးကြီးတဲ့အချိန်တွင် ဖုန်းဘက်ထရီကုန်တာက တော်တော်ဒုက္ခရောက်ပါတယ်။ ဖုန်းကို တစ်နေကုန်အသုံးပြုနေရသူအဖို့ ဘက်ထရီသက်တမ်းကောင်းတဲ့ ဖုန်းတွေလိုပါတယ်။ အခုဆို ဖုန်းကို ဖုန်းပြောရုံတင်မက၊ ဂိမ်းကစားတာ၊ ရုပ်ရှင်ကြည့်တာ၊ အင်တာနက်သုံးတာလို ဘက်ထရီစားတဲ့လုပ်ဆောင်မှုမျိုးတွေပါ လုပ်ဆောင်လာတဲ့အတွက် ဒီစာရင်းလေးကအသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

Motorola Moto X Play
ဘက်ထရီက 3,630mAh ရှိတဲ့အတွက် စမ်းသပ်ချက်အရ ၁၅ နာရီလောက် ဘက်ထရီသက်တမ်းရှိပါတယ်။

Samsung Galaxy Note 5
Samsung ရဲ့ နောက်ဆုံးထွက်ဖုန်းကလည်း ဘက်ထရီသက်တမ်း ၁၅ နာရီရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘက်ထရီကိုတော့ ဖြုတ်၊ တပ်လုပ်လို့ရမှာ မဟုတ်ပါဘူး

LG Volt
ဈေးနှုန်းအသင့်အတင့်သာရှိတဲ့ LG Volt ရဲ့ ဘက်ထရီသက်တမ်းကတော့ ၁၆.၃၅ နာရီရှိပါတယ်။

Samsung Galaxy S6 Active
အကြမ်းခံတဲ့ ဒီ Samsung Galaxy S6 အမျိုးအစားက ဘက်ထရီသက်တမ်း ၁၆.၈ နာရီရှိပါတယ်။

ZTE Grand X Max +
ဈေးလည်းသက်သာတယ် ဘက်ထရီသက်တမ်းလည်း ကြာကြာသုံးချင်ရင်တော့ ဒီဖုန်းကိုပဲရွေးလိုက်ပါ။ ဘက်ထရီ 3,200mAh ရှိပြီး ၁၆.၆၁ နာရီ သက်တမ်းရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *