News

ဒီဇင်ဘာလတွင် Windows 10 Mobile ထွက်ရှိမည်

ယခုနှစ်မကုန်ခင် ဒီဇင်ဘာလအတွင်းမှာ Microsoft ရဲ့ Windows 10 Mobile ထွက်ရှိလာမယ်လို့ ကုမ္ပဏီပိုင် Lumia အဖွဲ့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အောက်တိုဘာ ၆ ရက်မှာ ကျင်းပခဲ့တဲ့ Windows 10 ပစ္စည်းများပြပွဲမှာ လူပေါင်းများစွာက Windows 10 Mobile ဘယ်တော့ထွက်ရှိလာမလဲလို့ Microsoft Lumia facebook စာမျက်နှာမှာ မေးမြန်းခဲ့ကြပါတယ်။ Lumia အဖွဲ့ဟာ Windows 10 Mobile က ဒီဇင်ဘာမှ စတင်ထွက်ရှိမယ်လို့ မေးမြန်းသူတွေကို ပြန်လည် ဖြေကြားခဲ့တာပဲ ဖြစ်ပါတယ်။

နိုဝင်ဘာလအတွင်း ထွက်ရှိလာမယ့် Lumia 950နဲ့ Lumia 950 XL ဖုန်းတွေမှာတော့ Windows 10 Mobile ပါဝင်ပြီးသားဖြစ်ပြီး ဒီဇင်ဘာလမှာတော့ Lumia 430၊ 535၊ 930 တို့မှာ အခမဲ့ upgrade ပြုလုပ်ပေးသွားမယ်လို့ Lumia ရဲ့ facebook မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *