News

Design Printing Services မှ ဖြန့်ချိသော Yangon Tourist Map ကို အခမဲ့ရယူနိုင်

ygn-map

ရန်ကုန်မြို့ရှိ ကမ္ဘာလှည့် ခရီးသွားများအား မြို့တော်အတွင်း သွားရောက် လည်ပတ်ရာတွင် အဆင်ပြေ လွယ်ကူချောမွေ့စေရန် Yangon Tourist Mapအား အခမဲ့ ရယူနိုင်ပြီ ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ Mapအား Design Printing Services(D.P.S)မှ ဖြန့်ချိခြင်း ဖြစ်ကြောင်း သိရပါသည်။ Yangon Tourist Mapတွင် ရန်ကုန်မြို့ တစ်မြို့လုံး၏ မြေပုံ၊ ရန်ကုန်မြို့တွင်း မြေပုံတို့အပြင် ခရီးသွားများ အထူးစိတ်၀င်စားမည့် ကန်တော်ကြီးနှင့် အင်းလျားကန် ပတ်၀န်းကျင် မြေပုံများနှင့် မြန်မာပြည် မြေပုံများကိုပါ ထပ်မံ ထည့်သွင်း မွမ်းမံ ထုတ်လုပ်ထားကြောင်း သိရပါသည်။

ယခုအခါ အဆိုပါ Mapအား ရန်ကုန်မြို့တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ အန ္တလေး လေဆိပ်နှင့် ပုဂံ-ညောင်ဦး လေဆိပ်များတွင် နေ့စဉ်ေ၀ငှ ပေးလျက်ရှိကြောင်း သိရပါသည်။ထို့အပြင် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနတို့ ပူးပေါင်း၍ နိုင်ငံတကာရှိ မြန်မာနိုင်င့ သံရုံးများသို့ ပေးပို့ဖြန့်ချိလျက်ရှိကြောင်း သိရပါသည်။ Mapအား မှာကြားလိုသူများ အနေဖြင့်လည်း www.dpsmap.comနှင့် [email protected]တို့သို့ မြေပုံများ အခမဲ့မှာကြား ရယူနိုင်ကြောင်းလည်း သိရပါသည်။

images credit:www.viss.wordpress.com

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *