News, Promotion

Acer Nitro 7 Gaming Laptop တွေကို ၁၀% လျှော့ဈေး နဲ့ အောက်တိုဘာ ၁၅ရက်နေ့အထိ ‌ရောင်းပေးနေပါပြီ

Acer Nitro 7 Gaming Laptop တွေကို ICT မှာ 10% discount နဲ့ ရောင်းပေးနေပါပြီနော်။

Acer Nitro 7 က Acer ရဲ့ Nitro စီးရီး Gaming Laptop တွေထဲမှာ စွမ်းဆောင်ရည်အကောင်းမွန်ဆုံး Gaming Laptop ဖြစ်ပါတယ်။ Gaming Laptop တစ်လုံးအတွက် သင့်တော်တဲ့မျက်နှာပြင်အရွယ်အစား 15.6” နဲ့ ထုတ်လုပ်ပေးထားပါတယ်။

Display မျက်နှာပြင်က Full HD resolution ရရှိတဲ့အပြင် အရောင်ပိုမိုစိုပြည်စေတဲ့ IPS နည်းပညာလည်း ပါဝင်တာကြောင့်ကြည်လင်တောက်ပတဲ့ မျက်နှာပြင်နဲ့ ဂိမ်းကစားနိုင်စေမှာပါ။

Screen Refresh Rate က E-Sport Professional တွေရဲ့ စံသတ်မှတ်ချက်ဖြစ်တဲ့ 144 Hz ရရှိတာကြောင့် အရမ်းမြန်တဲ့ Game Scenes တွေကို ဝေဝါးမှုမရှိဘဲ ကစားနိုင်မှာပါ။

အမိုက်စား Gaming စွမ်းဆောင်ရည်ရရှိဖို့ CPU အဖြစ် i7-9750H Processor နဲ့အတူ DDR4 RAM 16GB ကို တပ်ဆင်ပေးထားပါတယ်။ RAM 16GB က Onboard နဲ့ Slot မှာ 8GB စီ တပ်ဆင်ပေးထားတာဖြစ်ပါတယ်။

HDD ထက် ပိုမိုမြန်ဆန်ပြီးအသံဆူညံမှုမရှိသလို အကြမ်းလည်းခံတဲ့ SSD 512GB ကို တပ်ဆင်ထားတဲ့အတွက် Windows နဲ့ Game Software ဖွင့်ချိန်က စက္ကန့်ပိုင်းပဲ ကြာမြင့်စေမှာ ဖြစ်ပါတယ်။

Gaming Laptop ရဲ့အသက်ဖြစ်တဲ့ ဂရပ်ဖစ်ကတ်အတွက် NVIDIA® GeForce® GTX1660Ti 6GB GDDR6 ဂရပ်ဖစ်ကတ်ကို တပ်ဆင်ပေးထားပါတယ်။ GTX 1070 ဂရပ်ဖစ်ထက်ပိုမိုသာလွန်တဲ့ဂရပ်ဖစ်ကတ်ဖြစ်ပြီး နာမည်ကျော် PC ဂိမ်းတွေအားလုံးကိုအဆင်ပြေပြေကစားနိုင်စေမဲ့ ဂရပ်ဖစ်ကတ်ပဲ ဖြစ်ပါတယ်။

မော်ဒန်ခေတ်ဂိမ်းတွေမှာဆိုရင်ပိုမိုမြန်ဆန်တဲ့စွမ်းဆောင်ရည်ကို ပြသနိုင်ပါတယ်။ ဒေတာလိုင်းဆွဲအားကောင်းတဲ့ WiFi နည်းပညာပါဝင်လို့ Online Multiplayer ဂိမ်းတွေကစားချိန်မှာ လိုင်းကျသွားမှာကိုစိတ်ပူဖို့မလိုပါဘူး။

ကီးဘုတ်အတွက် အနီရောင်မီးပါတဲ့ အမိုက်စား Gaming ကီးဘုတ်ကိုတပ်ဆင်ပေးထားပါတယ်။ ဘတ္ထရီအတွက်ကိုတော့ အချိန်အတော်ကြာအောင် အသုံးပြုနိုင်မဲ့ 4 cell 80Whr ဘတ္ထရီအမျိုးအစားကို တပ်ဆင်ပေးထားပါတယ်။

CPU i9 နဲ့ i5 ၂မျိုး ရရှိနိုင်ပါတယ်။

i9 version မှာတော့ ကိုယ်ထည်ဒီဇိုင်းက အမိုက်စား Gaming Laptop ဒီဇိုင်းသစ်ဖြစ်ပြီး Shale Black အနက်ရောင်ကာလာနဲ့ ထုတ်လုပ်ပေးထားပါတယ်။လက်ဆောင်အဖြစ် Acer ရဲ့အမိုက်စား Predator Cestus 300(Pmw710) Gaming Mouse တစ်လုံးနဲ့မိမိရဲ့ Gaming Laptop ကို အဆင်ပြေပြေသယ်သွားနိုင်ဖို့ Acer Backpack TARGUSကိုထည့်သွင်းပေးထားပါတယ်။

CPU i5 version ကတော့ Black အနေနဲ့ လာမှာဖြစ်ပြီး လက်ဆောင်တော့ ပါဝင်လာမှာ မဟုတ်တော့ပါဘူး။

(၂)မျိုးလုံးက အာမခံကို (၃)နှစ်အထိ ပေးထားတာကြောင့် စိတ်ချလက်ချရေရှည်အသုံးပြုနိုင်မဲ့ Gaming Laptop ကောင်း တစ်လုံးဖြစ်ပါတယ်။

အောက်ကလင့်ခ်လေးတွေမှာ စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ပါပြီ။

Acer Nitro 7 (i5-9th Gen)
မူရင်းစျေး K1,515,150 ကနေ K1,363,640 နဲ့ ဝယ်ယူနိုင်မှာပါ။

Acer Nitro 7 (i5-9th Gen)
မူရင်းစျေး K1,515,150 ကနေ K1,363,640 တည်းနဲ့ ဝယ်ယူနိုင်မှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *