News

သစ်သီးဝလံ အခြေခံ စားသောက်ကုန်ထုတ်လုပ်နည်း သင်တန်း မန္တလေးတွင် ဖွင့်မည်

ရာသီအလိုက် ထွက်ရှိသော သစ်သီးဝလံများကို တာရှည်ခံ နည်းပညာများ အသုံးပြု၍ ဘေးအန္တာရယ် ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်မည့် စားသောက်ကုန်များ ထုတ်လုပ်တတ်စေရန်၊ အသေးစား စက်မှုလက်မှု လုပ်ငန်းရှင် အသစ်များ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ သမဝါယမ ဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန (မန္တလေး) ရုံးခွဲမှ သစ်သီးဝလံ အခြေခံ စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်းကို (၉၈)ကြိမ်မြောက် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

သင်တန်း တက်ရောက်သူများကို စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်များ ဖြစ်သည်အထိ လိုအပ်သည်များကို ပံ့ပိုးကူညီပေးမည် ဖြစ်ပြီး သင်တန်းဆင်း လက်မှတ်ရရှိပါက လုပ်ငန်းမှတ်ပုံတင် လျှောက်ထားနိုင်မည်ဟု ဆိုသည်။

သင်တန်းကာလမှာ အောက်တိုဘာ ၂၂ရက်မှ ၂၈ရက်အထိ ဖြစ်ပြီး သင်တန်းတက်လိုသူများသည် သမဝါယမ ဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ အထက်မြန်မာပြည်ရုံးခွဲ(မန္တလေး) ၈၂×၂၅လမ်းထောင့်၊ အောင်မြေသာစံမြို့နယ်၊ ဖုန်း ၀၂-၃၉၆၀၉၊ ၀၉-၂၀၀၀၇၃၀၊ ၀၉-၄၀၂၅၈၄၇၁၈တို့ကို ဆက်သွယ်ပေးသွင်းနိုင်ကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *