News

VSAT ဂြိုဟ်တု ဆက်သွယ်ရေး မြန်မာနိုင်ငံ၌ အသုံးပြုနိုင်တော့မည်

VSAT-Hub

နိုင်ငံတကာရှိ အစိုးရဌာနများ၊ ကုမ္ပဏီများနှင့် Communication အသုံးချ လုပ်ငန်းများတွင် အသုံးပြုလျက်ရှိသော VSAT ဂြိုဟ်တု ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ဝန်ဆောင်မှု အားလုံးကို မြန်မာနိုင်ငံ၌ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်တွင် အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဝန်ဆောင်မှုများကို Gilat Network, VNPT-1တို ့ နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံရှိ Terabit Wave (A1 Group of Companies) မှ လုပ်ဆောင် ပေးသွားမည် ဖြစ်ပြီး စက်ကရိယာများ စုံလင်စွာ ရောက်ရှိနေပြီ ဖြစ်ရာ မြန်မာ့ဆက်သွယ်ရေးမှ ခွင့်ပြုချက်ကို ရရှိရန်သာ လိုအပ်ကြောင်း သိရသည်။ VSAT Satellite Systemသည် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ငွေကြေးလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းများ၊ အစိုးရ လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု ကုမ္ပဏီများ၊ စိုက်ပျိုးရေး လုပ်ငန်းများ၊ သတ္ထုတွင်း တူးဖော်ရေး လုပ်ငန်းများ၊ သငေ်္ဘာလုပ်ငန်း၊ ကုန်တင်သငေ်္ဘာ လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများနှင့် သတင်း၊ မီဒီယာ အေဂျင်စီများအတွက် အလွန်သင့်တော်မှု ရှိမည်ဖြစ်သည်။

ဂြိုဟ်တုစလောင်း အရွယ်အစားမှာလည်း Ku-Band အသုံးပြုလျှင် 1.2 to 1.8 Meterနှင့် C-Band အသုံးပြုလျှင် 1.8 to 2.4 Meterသာ ရှိမည် ဖြစ်သော ကြောင့် နေရာ အတွက် အခက်အခဲ မရှိဘဲ ရုံးခန်း အပြောင်းအရွှေ့ ရှိလာလျှင်လည်း တစ်နေရာ မှ တစ်နေရာသို ့ လွယ်ကူစွာ ရွှေ့ပြောင်းနိုင်မည် ဖြစ်သည်။ လုံခြုံရေး အနေဖြင့် TW မှ 3DES (Encryption Security System) နည်းပညာကိုထည့်သွင်း ထားသောကြောင့် အစိုးရ လုပ်ငန်း အချက်အလက်များ၊ စစ်ဘက်ဆိုင်ရာ အကြောင်းအရာများကိုပင် စိတ်ချ ယုံကြည်စွာ အသုံးပြုနိုင်ကြောင်း သိရသည်။ VSAT ဂြိုဟ်တု စလောင်းကို အသုံးပြုခြင်းဖြင့် end-to-end ရရှိမှုတွင် 99.7%ထက် သာလွန်သော စွမ်းဆောင်ရည်ကို ရရှိနိုင်မည်ဖြစ်ပြီး လက်ရှိ မြေပြင် ကေဘယ်ကြိုးများဖြင့် အသုံးပြုလျက်ရှိသော Voice, Data, Multimedia or Video စသော Broadcast Serviceများနှင့် Interactive Application များကိုလည်း ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။

အသုံးပြုလိုသော ကုမ္ပဏီများ၊ လုပ်ငန်းအဖွဲ့အစည်းများ အနေဖြင့် VSAT Satellite Network Systemကို မှတ်ပုံတင် သုံးစွဲလိုပါက Terabit Wave ကုမ္ပဏီနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်သွယ် မှတ်ပုံတင်ရမည်ဖြစ်ပြီး အသေးစိတ် ထပ်မံသိရှိလိုပါက ဖုန်း – ၃၈၃၄၃၀ နှင့် [email protected]သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *