“Geeksphone” ကုမ္ပဏီမှ Peak+ Smart Phone များထုတ်လုပ် လိုက်ပြီဖြစ်သည်။ အဆိုပါဖုန်းသည် Firefox OS 1.1 ကိုအသုံးပြုထားပြီး 1GB RAM, qHD 4.3 inches screen နှင့် 1800 mAh battery တို့ပါ၀င်သည်။ Dual-Core 1.2 GHz Qualcomm 8225 chipset Processor နှင့် 8MP camera with LED flash, ရှေ့ကင်မရာ 2MP ပါ၀င်သည်။ ယူရိုငွေ ၂၀၀ ခန့်သတ်မှတ်ထားပြီး Internal Memory 4GB နှင့် microSD card ကို 32 GB အထိ အသုံးပြုနိုင်သည်။ ထို့ပြင် Cloud Storage ကို 25GB အထိလည်း အသုံးပြုနိုင်သည်။လက်ရှိအသုံးပြုနေသော OS များနှင့်ဆင်တူပြီး Firefox OS မှာ မည်သို့မည်ပုံ ပြောင်းလဲ ဆန်းသစ်လာမည်ကို လူအများက စိတ်၀င်စားလျက်ရှိသည်။ ၎င်းသည်လည်း Open Source တစ်ခုဖြစ်ပြီး Linux ကိုအခြေခံကာ ဖန်တီးထားပါသည်။ Amazon တွင်မှာယူနိုင်ပြီး Tax Free, သဘောၤတင်ခ Free ဖြစ်သည်။
Firefox OS သုံး Smart Phone များ မှာယူနိုင်ပြီ!
26
Jul