Web

Web Design ငါးမျိုး နှင့် Features များ

အပြိုင်အဆိုင်များလာတဲ့ ယနေ့ခေတ်ကြီးမှာ ကိုယ့်ကုမ္ပဏီ၊ ကိုယ့်ကုန်ပစ္စည်းရဲ့ Image ကို ပိုမိုထင်ရှားစေဖို့ အတွက် Website တွေအပြိုင်အဆိုင် လွှင့်တင်နေကြပြီဖြစ်ပါတယ်။ Web Designer, Web Developer တွေဟာလည်း ပိုမိုအလုပ်ရှုပ်လာကြပြီး Website ကို Quality ကောင်းကောင်းထွက်လာအောင် အစဉ်ကြိုးစားနေဖို့ လိုအပ်ပါတယ်။ Mobile Device တွေသာမက၊ Laptop, Desktop တွေနဲ့ပါ အားလုံး ကြည့်ရှုနေကြတဲ့ Website တွေဟာ ဆွဲဆောင်မှုရှိရှိ၊ လှလှပပနဲ့ ရိုးရှင်းဖို့လည်း လိုပါတယ်။ အခုကတော့ Web Designer တွေအတွက် ဒီဇိုင်းအချို့ကို Suggest လုပ်သွားမှာပဲ ဖြစ်ပါတယ်။

၁။ မကြာမီထွက်ရှိတော့မယ့် iOS 7 မှာ ဖန်တီးထားတဲ့ ဒီဇိုင်းဟာဆိုရင် အလွန်ကျော့ရှင်းလှပတဲ့ ပုံစံမျိုးပဲ ဖြစ်ပါတယ်။ အရောင်တောက်တောက်တွေ မသုံးထားပဲနဲ့ မျက်စိအေးမယ့် အရောင်လေးတွေရွေးထားပြီး Web Design တွေမှာလည်း အဆိုပါ ပုံစံမျိုးလေးတွေ အသုံးပြုသင့်ပါတယ်။


၂။ ဆန့်ကျင်ဘက်အနေနဲ့တော့ ထင်ရှားတဲ့ အရောင်တွေအကြောင်းပါ။ Apple ရဲ့ဒီဇိုင်းအသစ်ဟာ အရောင် သီအိုရီတွေပေါ်မှာ တွက်ချက်ပြီး ထွက်ရှိလာတာပါ။ ထင်ရှားတဲ့ အရောင်တွေကို Sign တစ်ခုအဖြစ် သတ်မှတ်ပြီး အောင်မြင်သွားတဲ့ Website (or) App တွေအများအပြားပဲ ဖြစ်ပါတယ်။ ဥပမာ- အပြာရောင် သငေ်္ကတဖြစ်တဲ့ Facebook, Twitter, Skype စသည်တို့ ဖြစ်ပါတယ်။ သင့်ရဲ့ Website ကိုလည်း ထင်ရှားတဲ့အရောင်၊ တောက်ပတဲ့အရောင် တို့သုံးပြီး အများတကာကြား ထင်ရှားနေအောင် ဖန်တီးနိုင်ပါတယ်။


၃။ User တွေကို နောက်ထပ်ဆွဲဆောင်တဲ့ နည်းတစ်မျိုးကတော့ Yahoo Search Engine ပုံစံမျိုးပါ။ အပေါ်မှာ သင့်အတွက် Search Box ထားပေးထားပြီး အောက်မှာ Headline သတင်းတွေ၊ အားကစား၊ ရာသီဥတု စသဖြင့် အဆက်မပြတ်ဖော်ပြ ပေးနေတာပဲ ဖြစ်ပါတယ်။ Data အချက်အလက်တွေ ခိုင်လုံနေရမှာ ဖြစ်ပြီးတော့ Dynamic Website ပုံစံမျိုးပဲ ဖြစ်ပါတယ်။ အဆိုပါ ပုံစံကတော့ User တွေ တကယ်အကျိုးရှိတဲ့ Design မျိုးပဲ ဖြစ်ပါတယ်။


၄။ Facebook အသုံးပြုသူတွေ၊ ရုပ်ရှင်၊ သီချင်း Download ချသူတွေအနေနဲ့ စာလုံးဖျက်ထားတဲ့ ပုံစံမျိုး ကြုံဖူးကြမှာပါ။ “Web typography” လို့ခေါ်ပြီးတော့ Security တစ်ခုအနေနဲ့ အသုံးပြုကြပါတယ်။ အဆိုပါ စာလုံးဖျက်ဒီဇိုင်းပုံစံမျိုးကိုလည်း Web Designer တွေကပဲ ဖန်တီးရတာဖြစ်ပါတယ်။


၅။ နောက်တစ်ခုကတော့ Parallax scrolling ဖြစ်ပါတယ်။ အဆိုပါ နည်းပညာကတော့ Computer Graphics သမားတွေ Graphics ပုံတွေကို Foreground, Background ခွဲပြီး Slowly Scroll လုပ်ခြင်းပဲ ဖြစ်ပါတယ်။ တကယ်ကို Smart ကျတဲ့ ပုံစံမျိုးဖြစ်ပြီး လှပသေသပ်တဲ့ ပုံလေးတွေနဲ့ Website ကို အသက်၀င်နေအောင် ဖန်တီးခြင်းပဲ ဖြစ်ပါတယ်။


Ref : www.igaom.com/2013/07/25/5-web-design-trends-tech-companies-should-watch/

 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *