News

Android OS သုံး Samsung ရဲ့ Galaxy NX Camera ကို အမေရိကန် မှာ ရောင်းပြီ

Samsung ရဲ့ Android OS သုံး Galaxy NX Camera ကို အမေရိကန် မှာ ဒေါ်လာ ၁၇၀၀ နဲ့ရောင်းချပေးလိုက်ပါပြီ။ 1.6GHz Quad-Core Processor ကို အသုံးပြုထားပြီး 2GB RAM ပါရှိပါမယ်။ Android Jelly Bean ကိုအသုံးပြုမောင်းနှင်မှာဖြစ်ပြီး 20.3 Megapixel APS-C Sensor, 1/6000 Shutter Speed, 25,600 အထိ ချိန်ညှိနိုင်တဲ့ ISO Settings ပါရှိတဲ့အတွက် အရည်အသွေး လွန်စွာကောင်းမွန်တဲ့ ဓါတ်ပုံ တွေကို ရိုက်ကူးနိုင်ပါတယ်။

Stellar Hybrid-Autofocus စွမ်းရည် လည်းပါရှိပြီး WiFi , LTE , HSPA +Radios တို့ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီဇိုင်းနဲ့ သွင်ပြင် က ကင်မရာ တစ်လုံး အတိုင်းဖြစ်နေပေမယ့် Smartphone , Tablet တို့မှာ အသုံးပြုနိုင်တာတွေ ကို NX Camera မှာသုံးနိုင်ပါတယ်။ ၄.၈ လက်မ အရွယ်ရှိပြီး ထိတွေ့အသုံးပြုနိုင်တဲ့ မျက်နှာပြင် ပါရှိပါတယ်။ ၀.၄၆ လက်မ ရှိတဲ့ SVGA Electronic Viewfinder ပါရှိပါတယ်။

အရှေ့ပိုင်းကို ကြည့်ရင်တော့ NX ဟာ EVF တပ်ဆင်ထားတဲ့ Mirrorless Camera တွေနဲ့ ဆင်တူပါတယ်။ဘယ်ဘက်ခြမ်းမှာ တော့ Headphone အပေါက် ၊ ကင်မရာကို အားသွင်းနိုင်မယ့် MicroUSB အပေါက်နဲ့ HDMI Port တွေကို တွေ့ရမှာပါ။ NX Camera မှာ 4360mAh Battery ကိုတပ်ဆင်ထားပါတယ်။

Android Phone တွေမှာ အသုံးပြုနိုင်တဲ့ Photo Apps တွေကိုသုံးနိုင်ပါတယ်။ Effects တွေထည့်ဖို့ Apps တွေကို အင်စတောလုပ်နိုင်ပြီး ဓါတ်ပုံတွေကနေ ဗီဒီယို အဖြစ်ပြောင်းပေးနိုင်တဲ့ Apps တွေကို အင်စတောလုပ်ပြီး အသုံးပြုနိုင်တဲ့ အားသာချက်တွေရှိပါတယ်။ Galaxy S4 Zoom လို Android Camera နဲ့ မတူညီတဲ့အချက်က Manual Zoom Lens ကိုအသုံးပြုထားတာဖြစ်ပြီး App တွေထဲမှာ Zoom လုပ်နိုင်တာဖြစ်ပါတယ်။

Samsung Galaxy NX ဟာ ဓါတ်ပုံ၊ ဗီဒီယို တွေ ရိုက်ကူးဖို့ကောင်းမွန်တဲ့ ကင်မရာ တစ်ခုဖြစ်ပြီး သယ်ဆောင်ရလွယ်တဲ့ Android Device တစ်ခုအဖြစ်ပါအသုံးပြုလို့ရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *