News

Ben Affleck အကြိုက်ဆုံး iPhone Appများ

Ben Affleckဆိုတာ The Town, Argoနဲ့ Pearl Harborလို ဇာတ်ကားကောင်းတွေကို ကြည့်ဖူးသူတွေ အတွက် ရင်းနှီးကျွမ်း၀င်ပြီး ဖြစ်မယ့် အမေရိကန် မင်းသားဖြစ်ပါတယ်။ နောက်ပြီး Argoနဲ့ပဲ Best Pictureဆိုင်ရာ အော်စကာဆု ရထားပါသေးတယ်။ ဒီမင်းသားကလည်း iPhoneနှစ်ခြိုက်သူ တစ်ယောက် ဖြစ်ပြီး သူ့ရဲ့ အလုပ်၊ ခရီးသွားလာမှုနဲ့ မိသားစု ဘ၀တွေမှာ သုံးစွဲရ အဆင်ပြေဆုံး iPhone Appတွေကို အများသိအောင် ဖွင့်ပြောလာတာမို့ Affleck အကြိုက်ဆုံး Appတွေကို ပရိတ်သတ်တွေ သိအောင် ဖော်ပြပေးလိုက်ပါတယ်။

(၁) MLB.com at bat – သူ ခရီးသွားနေရင်း Red Soxကို ကြည့်ချင်ရင် ဒီAppက အကောင်းဆုံးပါပဲတဲ့။ (Red Soxဆိုတာ ဘော်စတွန် အခြေစိုက် Baseballပြိုင်ပွဲ)
(၂) ESPN Sportcenter – ဘောလုံး အသင်းတွေရဲ့ ရမှတ်ပြောင်းလဲမှုနဲ့ ရလဒ်တွေကို အလွယ်ကြည့်နိုင်တာကြောင့် သဘောကျပါတယ်တဲ့။
(၃) Evernote – စာဖတ်တာ ဝါသနာပါတဲ့ သူ့အတွက် ဆောင်းပါးကောင်းတွေ ရှာဖွေဖို့နဲ့ ပြန်ဖတ်ဖို့ ကူညီပေးပါတယ်တဲ့။
(၄) Waze – သူကတော့ GPS, mapနဲ့ Trafficဆိုင်ရာ Appတွေကို တစ်နေရာတည်း ဖြစ်အောင် စုထားပေးလို့ပါတဲ့။
(၅) Tweetbot – Twitterကတစ်ဆင့် သတင်းတွေ ကြည့်ဖို့ အကောင်းဆုံးပါတဲ့ဗျာ။
(၆) Stitcher Radio – Pandoraနဲ့ ဆင်တူတဲ့ Appဖြစ်ပြီးတော့ ကိုယ်ကြိုက်တဲ့ သီချင်းတွေကို အမြန်ဆုံး နားဆင်နိုင်အောင် ကူညီပေးလို့ပါတဲ့။
(၇) This American Life – နည်းပညာ ခေတ်ထဲမှာ အသံလွှင့်ရေဒီယိုတွေကို နှစ်ခြိုက်တတ်တဲ့ Affleckအတွက် အဆင်ပြေစေပါတယ်တဲ့။
(၈) Goodreads – သူကြားဖူးထားသမျှ စာအုပ်ကောင်းတွေ အားလုံး စုစည်းထားပြီး ဖတ်ရှုခံစားနိုင်လို့ပါတဲ့။
(၉) Wikipedia Mobile – သိချင်တဲ့ အကြောင်းအရာ၊ အချက်အလက်တွေ အားလုံးကို ပြည့်စုံစွာ ရှာဖွေဖတ်ရှုနိုင်လို့ပါတဲ့။
(၁၀) IMDb – ဇာတ်ကားကောင်းတွေ၊ တီဗွီ အစီအစဉ်ကောင်းတွေနဲ့ ကျော်ကြားသူတွေရဲ့ သတင်းတွေကို အလွယ်လေး သိနိုင်လို့ပါတဲ့။

Ref: http://www.details.com/blogs/daily-details/2013/07/ben-afflecks-favorite-apps-for-iphone-and-ipad.html

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *