News

အိမ်နီးချင်းတွေကို ငွေနဲ. သိမ်းလိုက်တဲ့ Facebook ဆရာကြီး

Facebookရဲ. Founder/CEOဖြစ်တဲ့ Mark Zuckerberg ဟာ ၎င်းပိုင်ဆိုင်တဲ့ အိပ်ခန်း ၅ ခန်းပါဝင်တဲ့ အိမ်တော်ကြီးရဲ. ဘေးနားတွဲလျက်မှာ တည်ရှိတဲ့ အိမ်ခြေ ၄ ခုအား USD 30 မီလီယံပေးပြီး ဝယ်ယူလိုက်ကြောင်း The San Jose Mercuryသတင်းက ဖော်ပြထားပါတယ်။ ၂၉နှစ်သာ ရှိသေးပြီး ဘီလီယံပေါင်းများစွာ ချမ်းသာတဲ့ Facebook ဆရာကြီးဟာ ၎င်းရဲ. Palo Alto အိမ်ဘေးကပ်လျက် အိမ်များကို ဝယ်ယူရခြင်းကတော့ ဆောက်လုပ်ရေး ရင်းနှီးမြှုပ်နှံသူတစ်ဉီးမှ ဝယ်ယူပြီး (အိမ်တော်ကြီး) Mansion တစ်ခု တည်ဆောက်မည်လို့ သတင်းထွက်ပေါ်ခြင်းကြောင့် ဖြစ်ပါတယ်။

Facebook CEOကတော့ ၎င်းကတော့ ငွေပုံပေါက်ပြီး Taj Mahalလိုမျိုး ဆောက်လုပ်ဖို့ အစီအစဉ် မရှိပဲ ၎င်းအိမ်ယာတွေရဲ. ပိုင်ရှင်များကို ပြန်လည် ငှားရမ်းပေးဖို့သာ ဖြစ်ကြောင်း ဆိုပါတယ်။

Mark Zuckerbergဟာ USD 19 ဘီလီယံ ချမ်းသာတယ်လို. ခန်.မှန်းရပြီး ထို ၄ ကွက်ထဲမှ တစ်ကွက်ကို ကာလပေါက်စျေးထက် လွန်စွာ များလွန်းတဲ့ USD 14.9 မီလီယံထိ ပေးပြီး ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။

Palo Altoကတော့ အမေရိကန်နိုင်ငံရဲ. စျေးအကြီးဆုံး မြို့တွေထဲမှာ ပါဝင်ပြီး နည်းပညာလောကမှ ဆရာကြီးများ ဖြစ်တဲ့ Google founders, Sergey Brin and Larry Page၊ Yahoo CEO, Marissa Mayerနှင့်အတူ late Apple founder Steve Jobsတို့ နေထိုင်ကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *