News

Blackholeဗိုင်းရပ်စ် ထုတ်လွှင့်သူဟု ယူဆရသူကို ဖမ်းဆီးရမိ

ရုရှားနိုင်ငံ ရဲတပ်ဖွဲ့သည် အင်တာနက် ခြေရာခံလိုက်ရန်အတွက် Blackholeဟု အမည်ပေးထားသော ဗိုင်းရပ်စ် တစ်မျိုးကို တီထွင် ပျံနှံစေခဲ့သည်ဟု ယူဆရသော ဟက်ကာ တစ်ဦးအား ဖမ်းဆီးလိုက်ပြီး ဖြစ်ကြောင်း ဘီဘီစီ သတင်းတွင် ဖေါ်ပြသည်။ ဖမ်းဆီးထားသူ၏ အသေးစိတ်အကြောင်းအရာများနှင့် ပတ်သက်ပြီး ရုရှား အာဏာပိုင်များက အသေးစိတ် ထုတ်ပြန်ကြေညာခြင်း မပြုပေ။

Blackholeဗိုင်းရပ်စ်ကို ၂၀၁၀ပြည့်နှစ်ခန့်ကတည်းက ထုတ်လွှင့်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၂ခုနှစ်တွင် ပြစ်မှု ကျူးလွန်ရာတွင် အဓိက စွမ်းဆောင်နိုင်သည့် ဗိုင်းရပ်စ်တစ်ခုအဖြစ် နာမည်ကြီးလာကာ ၂၀၁၃ ခုနှစ်တွင် ဖျက်ဆီးမှုများကို ထင်ရှားစွာ ကျူးလွန်လာခဲ့သည်ဟု Sophos ဗိုင်းရပ်စ် ကာကွယ်ရေးအရ ကုမ္ပဏီတစ်ခုက သုတေသီတစ်ဦး ဖြစ်သူ ဖရေစာဟိုးဝပ်က ဆိုသည်။
မော်စကို အခြေစိုက် အင်တာနက် ကာကွယ်ရေးအရ ကုမ္ပဏီတစ်ခုဖြစ်သည့် Kaspersky Lab ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရှင် အလက်ဇန္ဒားဂေါ့စ်တက် ဆိုသူကလည်း ရုရှားအာဏာပိုင်များသည် ထိုအမည် မဖေါ်ပြနိုင်သည့် ဟက်ကာတစ်ဦးအား ဖမ်းဆီးခဲ့သည်ဆိုခြင်း အပေါ် အတည်ပြု ပြောကြားခဲ့သည်။

Blackholeဗိုင်းရပ်စ်သည် Java ပရိုဂရမ်၊ Adobeထုတ် Flash Media Playerနှင့် Windows ဆော့ဖ်ဝဲများ၊ PDFဖိုင်များကို တိုက်ခိုက်တတ်ကြောင်း၊ နောက်ပိုင်းတွင် Coolဆိုသည့် နောက်ဆက်တွဲ ဗိုင်းရပ်စ်ကပါ တိုက်ခိုက်လာပြီး Sophos ကုမ္ပဏီအနေနှင့် ယခုလအတွင်း ဗိုင်းရပ်စ်အားလုံး၏ ၄ရာခိုင်းနှုန်းကို ခြေရာခံနိုင်ခဲ့ကြောင်း၊ ယမန်နှစ်က ၂၈ရာခိုင်နှုန်းအထိ ခြေရာခံနိုင်ခဲ့ကြောင်း ထုတ်ဖော်ခဲ့သည်ဟု သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *