News

မြန်မာနိုင်ငံထက်စောတဲ့ ဥရောပက နိုင်ငံခြား ဖုန်းခေါ်ဆိုခ လျှော့ချမှု

eu

တနင်္လာနေ့မှ စတင်ကာ ဥရောပ ယူနီယံအသင်းဝင် အခြားဥရောပ ယူနီယံနိုင်ငံများတွင် မိုဘိုင်းဖုန်း အသုံးပြုမှု ဈေးနှုန်းများ ကျဆင်းလာပြီ ဖြစ်ပါတယ်။ EU အဖွဲ့ဝင် နိုင်ငံသစ်များက လက်ရှိ နိုင်ငံရပ်ခြား ဖုန်းခေါ်ဆို လက်ခံသည့် ဝန်ဆောင်မှုကို ပေးနေတဲ့ မိုဘိုင်းလ်ဖုန်း ဝန်ဆောင်သူများကို လျှော့ချဖို့ ကြိုးစားခဲ့ပါတယ်။ အဆိုပါ ကိစ္စကြောင့် အင်တာနက် ဝန်ဆောင်မှု ဈေးနှုန်းများလည်း လျော့ကျသွားဖို့ ရှိပါတယ်။

လွန်ခဲ့သော ၆နှစ်ကာလကလည်း မိုဘိုင်းလ်ဈေးနှုန်းများကို ယခုလို လျှော့ချဖို့ တွန်းအားပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း အဆိုပါ အသုံးပြုခ လျှော့ချမှုဟာ ဥရောပယူနီယံရဲ့ နယ်နိမိတ် အတွင်းသာ ပါဝင်မှာဖြစ်ပြီး အခြားနိုင်ငံများကတော့ လက်ရှိ ပေးဆောင်နေကျ နှုန်းအတိုင်းသာ ပေးဆောင်ကြရမည် ဖြစ်ပါတယ်။

ပြီးခဲ့သော နှစ်ကလည်း ဥရောပ ပါလီမန်မှာ နိုင်ငံခြားဖုန်း လက်ခံခေါ်ဆိုမှုနှင့် ပတ်သက်ပြီး ဈေးနှုန်းလျှော့ချဖို့ အတွက် ဥပဒေကို ထုတ်ခဲ့ပါတယ်။ အဆိုပါ ဥပဒေမှာ Bill Shockကို တားဆီးဖို့အတွက် ရေးဆွဲထားတာ ဖြစ်တယ်လို့ EUက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ယခု နိုင်ငံခြား ခရီးသွားများကတော့ Data Applicationကို အသုံးပြုရတဲ့ Mapများကို အသုံးပြုနေရချိန်မှာတော့ အသုံးပြုခ ကြီးမြင့်နေတုန်းပဲ ဖြစ်ပါတယ်။

Ref: www.bbc.co.uk

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *