News

ခွေးကုန်ကူးခံရမှုမှ လွတ်မြောက်လာသော ကောင်ရေ ၁၃၀ ရန်ကုန်ရောက်

တရုတ်ပြည်သို့ ပို့ဆောင်ခံရမည့် ပလိပ်မြို့နယ်မှ ခွေးကောင်ရေ ၁၃၀မှာ အမှုပြီးပြတ်သွားပြီ ဖြစ်သောကြောင့် ပြုစုစောင့်ရှောက်ရန် သြဂုတ်လ ၁၅ရက်နေ့က ရန်ကုန်မြို့သို့ ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။

တိရစာန် အခွင့်အရေးအတွက် တက်ကြွစွာ ဆောင်ရွက်နေသူ ဒေါ်မြတ်သက်မွန်က “၁၃ရက်နေ့က စာရတယ်။ ညတွင်းချင်း ခွေးတွေသယ်နိုင်အောင် လုပ်ခဲ့ပါတယ်။ လွှဲပြောင်းရရှိတာ ၁၃၉ကောင်ပါ။ လမ်းမှာ ကားပျက်တာရယ်၊ ခရီးလမ်းပန်းကြောင့် လမ်းမှန်မှာ ခုန်ချလို့ လွတ်တာ သုံးကောင်၊ သေတာ ခြောက်ကောင်ရှိပါတယ်။ အခု စောင့်ရှောက်ထားတာ အကောင်ရေ ၁၃၀ပါ။ အခုတော့ အားဆေးထိုးတာ၊ ဆရာဝန်ပြတာတွေ လုပ်ဆောင်နေပါတယ်”ဟု ရန်ကုန်တိုင်းမ် နေ့စဉ်သို့ ပြောကြားသည်ဟု သိရသည်။

မန္တလေးတိုင်း ဒေသကြီး၊ ပုလိပ်မြို့နယ်တွင် တရုတ်ပြည်သို့ ပို့ဆောင်ရန် ဖမ်းဆီးထားသော ခွေးများကို ကာကွယ်တားဆီးနိုင်ခဲ့ပြီး အမှုပြီးပြတ်ခဲ့သည့်အတွက် တိရစာၦန် အခွင့်အရေး စောင့်ရှောက်သူများက ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာတွင် ယာယီစောင့်ရှောက်ရေး ဂေဟာပြုလုပ်ကာ စောင့်ရှောက်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။ အဆိုပါ ကျေးရွာရှိ ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးတင်လတ်ရီ ပိုင်ခြံတွင် တစ်လတာ စောင့်ရှောက်ထားမည်ဖြစ်ပြီး ပေ ၈၀× ပေ ၄၀ သံဆန်ခါ ခြံခတ်ကာ ပြန်လည် ကယ်တင်နိုင်ခဲ့သည့် ခွေး ၁၃၀ကောင်ကို ပြုစုသွားမည်ဖြစ်၍ တရားဝင် စောင့်ရှောက်ရန် ကိစ္စများကိုလည်း ဆက်လက်၍ ကြိုးပမ်းမည် ဖြစ်ကြောင်း ဒေါ်မြတ်သက်မွန်က ပြောကြားသည်။

မန္တလေးတိုင်း ဒေသကြီး ပုလိပ်မြို့မှ ခွေးအကောင် ၂၀၀ကျော်လှောင်ထားသည့် နေရာရှိ ခွေးအချို့ကို ဒေါ်မြတ်သက်မွန်က ငွေပေးချေရွေးယူခဲ့ရာမှ ယခုအခါ ခွေးအကောင်ရေ အားလုံးကို ရရှိခဲ့ကြောင်း၊ ယခင်ကလည်း မူဆယ်နယ်စပ်မှ တရုတ်ပြည်ကို ခွေးများ တင်ပို့ခဲ့မှုများရှိခဲ့ကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

One thought on “ခွေးကုန်ကူးခံရမှုမှ လွတ်မြောက်လာသော ကောင်ရေ ၁၃၀ ရန်ကုန်ရောက်

  1. Chit Thu says:

    wow… gland for that poor dogs….

Leave a Reply

Your email address will not be published. Required fields are marked *