News

မြန်မာနှင့် အာဆီယံနိုင်ငံများကို ဆက်သွယ်နိုင်ရန် AsiaWingsAirways မှ လေကြောင်းလိုင်းသစ်များ ပြေးဆွဲမည်

ပြည်ပလေကြောင်းလိုင်းများဟာ နိုင်ငံရဲ့ ရုတ်တရက် ပြောင်းလဲလာတဲ့ စီးပွားရေး အခြေအနေနှင့် နိုင်ငံခြားသား ၀င်ရောက်မှု တွေကြောင့် မြန်မာနိုင်ငံနဲ့ အာဆီယံနိုင်ငံ တွေကြား ၀င်ရောက်ပြေးဆွဲမှုများ ရှိလာ သည်ကို တွေ့ရှိရသည်။ လာမည့် ဇွန် ၂၅ ရက်တွင် ရန်ကုန်မှ ချင်းမိုင်သို့ လေယာဉ် လမ်းကြောင်းသစ်ကို Asia Wing လေ ကြောင်းလိုင်းမှ နှစ်ပတ်တိတိ ဆက်တိုက် ပြေးဆွဲမည် ဖြစ်ကြောင်း Asia Wings Airwaysမှ ပြောကြားသည်။ “အောက်တိုဘာ လမှာ ဒေသတွင်းဆိုင်ရာ ၀န်ဆောင်မှု လုပ် ငန်းများ ဆောင်ရွက်သွားဖို့ စီစဉ်ထားပါ တယ်။

ဒါပေမယ့် အကောင့်အထည် ပေါ်လာနိုင်ဖို့တွက် ပြည်ပလေယာဉ် လက် မှတ် အရောင်းဌာန သီးသန့်နေရာ ရရှိနိုင်မှု အပေါ်မူတည်နေပါတယ်”ဟု Asian Wings Airways၏ Marketing & Reservations Manager Mrs. Cho Mar Newက ပြော သည်။ ယင်းအစီအစဉ်မှာ ရန်ကုန်မှ ဘန် ကောက်၊ ဖူးခက်၊ ကွာလာလမ်ပူ၊ စင်ကာပူ စသည့်မြို့များနှင့် မန္တလေးမှ ချင်းမိုင်၊ ဂါယာ၊ ကူမင်း စသည့်မြို့များသို့ ပြေးဆွဲသွားမည် ဖြစ်သည်။

သို့သော်လည်း ဤကဲ့သို့ ဒေသ တွင်း လေကြောင်းလိုင်းများ တို့ချဲ့မှုသည် Asian Wings လေကြောင်းအတွက် လေ ယာဉ်စီးရေ လိုအပ်ချက်ကို ပိုမိုဖြစ်ပွားစေနိုင်မှာဖြစ်သည်။ လက်ရှိတွင် Asian Wings Airwaysအနေဖြင့် ATR72s သုံးစင်းနှင့် Airbus A321 တစ်စင်းဖြင့်ပြေးဆွဲလျှက်ရှိပြီး ATR တစ်စင်း၊ A321 တစ်စင်းစီဖြင့် ထပ်မံ ဖြည့်တင်း ပြေးဆွဲသွားမည်ဖြစ်သည်။ Asian Wings Airways၏ အနာဂတ် ကာလရည် မှန်းချက်အနေနှင့် ဒေသတွင်း လေကြောင်း ခရီးစဉ် ကိုးခုထက်ပို၍ တိုးချ ဲ ့သွားမည်ဖြစ်ပြီး ချင်းမိုင်ခရီးစဉ် အတွက်ကိုမူ လေယာဉ်စီး ရေထပ် တိုးဖို့ကိုလည်း ရည်ရွယ်ထားသည်။

Asian Wings Airways၏ Marketing & Reservations Manager Mrs. Cho Mar Newက “ကျွန်တော်တို့အနေနှင့် မြန်မာ နိုင်ငံမှ တစ်ဆင့် ထိုင်း၊ တရုတ်နှင့် ကိုရီး ယား ခရီးစဉ်များကို လက်ရှိပြေးဆွဲနေတဲ့ မိမိပြိုင် ဘက်ကုမ္ပဏီများကို ယှဉ်ပြိုင်နိုင် အောင်အတွက် လိုအပ်ချက်တွေကို မြန်မြန် ဆန်ဆန် ဆောင်ရွက်သွားဖို့ ရှိကြောင်း” ပြောကြားသွားခဲ့သည်။

Image Ref: www.mekongtourism.org

Leave a Reply

Your email address will not be published. Required fields are marked *