News

ဝိတ်ကျချင်ရင် ချောကလက် စား

ဒီသတင်းကတော့ ပိန်ဖို့ ကြိုးစားနေတယ်၊ ချောကလက် စားတာကိုလည်း နှစ်သက်တယ် ဆိုသောသူများအတွက် နားဝင် ချိုစေမှာပါ။ ဒီစစ်တမ်းလေးကို YouGov အေဂျင်စီက ကောက်ယူတာဖြစ်ပြီး အောင်မြင်စွာ ဝိတ်ချနိုင်သူ ၈၆ %ဟာ ၎င်းတို့ ကြိုက်နှစ်သက်သည့် အစားစာများကို ရှောင်ကြည်စရာ မလိုခဲ့ဘူးလို့လည်း ဆိုပါတယ်။

အမျိုးသမီး၊ အမျိုးသား ၂၁၀၀ကို မေးမြန်းခဲ့တဲ့ ဒီစစ်တမ်းလေးအရဆိုရင် ၉၁%က သူတို့ဟာ ချောကလက်ကို ပိန်အောင် ကြိုးစားနေချိန်အတွင်းမှာ ဝတုန်းက စားသုံးခဲ့တဲ့အတိုင်းပဲ ဆက်လက် စားသုံးသော်လည်း ဝိတ်ချမှူကိုလည်း မထိခိုက်ခဲ့ဘူးလို့ ဆိုပါတယ်။

“စူးစမ်းလေ့လာမှုများအရဆိုရင်လည်း ပိန်အောင် ကြိုးစားကြတဲ့အခါမှာ ဟိုအစားစာ၊ ဒီအစားစာ ရှောင်တယ်ဆိုတာတွေက မရှောင်နိုင်တာ၊ မလုပ်နိုင်တာ များပါတယ်။ တကယ့် တကယ်တမ်းကျတော့ စိတ်ကို အေးငြိမ်းစွာထားပြီး ကိုယ်ကြိုက်နှစ်သက်တာလေးများကို အနည်းငယ်မျှဆီ မြည်းမြိန်စားသုံးခြင်းဟာ အထိရောက်ဆုံးပါပဲ”ဟု ဒီ YouGov စစ်တမ်းကို ကော်မရှင်လုပ်တဲ့ Janet Aylott, a nutrition scientistက ဆိုပါတယ်။

ချောကလက်၊ ဘီစကစ်၊ ဝိုင် အစရှိသည်တို့ကို စားသုံးရင် ဝလာမည်လို့ ပြောကြားခြင်းဟာလည်း ထိုစားသုံးသူက ၎င်းအစားအသောက်များကို အခြားအစားစာများထက် လွန်မင်းပိုကဲစွာ စားသုံးခြင်းကြောင့် ဖြစ်ပါတယ်။

အခြားစစ်တမ်များအရ ပြောရမယ်ဆိုရင်တော့ ချောကလက် စားသုံးခြင်းဟာ အသက်ကိုပင် ရှည်စေနိုင်ပါသတဲ့။

 

Leave a Reply

Your email address will not be published. Required fields are marked *