Mobile, News, Review

နောက်ဆုံးပေါ် Processor ကိုထည့်သွင်းပေးထားတဲ့ Redmi K20 Pro Premium Edition စမတ်ဖုန်း

ICT.com.mm မှာ စွမ်းရည်မြင့်ဖုန်းတွေကို နှစ်ခြိုက်သူတွေအတွက် နောက်ဆုံးပေါ် Snapdragon Processor ကို ထည့်သွင်းပေးထားတဲ့ Redmi K20 Pro Premum Edition ရောက်ရှိနေပါပြီ။

ပုံမှန်မော်ဒယ်တွေနဲ့မတူဘဲ ဒီ Redmi K20 Pro Premium ဗားရှင်းမှာ နောက်ဆုံးပေါ် Qualcomm® Snapdragon™ 855+ ပရိုဆက်ဆာကိုတပ်ဆင်ပေးထားပြီး RAM 12 GB နဲ့ Internal Storage 512GB ကို ထည့်သွင်းပေးထားပါတယ်။ Snapdragon 855+ ပရိုဆက်ဆာဟာ ပိုမိုမြင့်မားတဲ့အမြန်နှုန်းရှိပြီးတော့ ပုံမှန် Snapdragon 855 ပရိုဆက်ဆာထက် ဂရပ်ဖစ်ပိုင်းမှာ 15% ထိ စွမ်းဆောင်ရည်မြင့်တက်လာစေပါတယ်။ Mobile ဂိမ်းသမားတွေနဲ့ ဖုန်းကိုကြာကြာအသုံးပြုတတ်တဲ့သူတွေအတွက် ရည်ရွယ်ပြီးတော့ ဒီ Redmi K20 Pro Premium Edition မှာ အလွှာ (၈) ခုပါတဲ့ graphite stack cooling system ကိုတပ်ဆင်ထားပါတယ်။ သူ့ရဲ့အားသာချက်ကတော့ အလွှာ(၁)ခုပဲပါဝင်တဲ့ graphite အအေးပေးစနစ်ထက် 650% အပူလျှော့ချပေးနိုင်တာပဲဖြစ်ပါတယ်။ 

12 GB RAM နဲ့ Internal Storage 512 GB အထိတပ်ဆင်ပေးထားတဲ့အတွက် ဓာတ်ပုံပေါင်း ၁၀၀,၀၀၀ ကျော်အထိသိမ်းဆည်းတာ ဒါမှမဟုတ် အက်ပလီကေးရှင်း ၆၄၃ ခုအထိ ထည့်သွင်းအသုံးပြုတာမျိုး ဆောင်ရွက်နိုင်ပါတယ်။ အရောင်အသွေးပိုင်းမှာဆိုရင် တမူထူးခြားတဲ့ Bionic Black color ကိုထည့်သွင်းပေးထားပြီးတော့ တည်ဆောက်ပုံအပိုင်းမှာဆိုရင်လည်း အဆင့်မြင့်နည်းပညာသုံး အကာအကွယ်နဲ့ သေသပ်လှပတဲ့ဒီဇိုင်းကို ဖန်တီးထားပါတယ်။

ဖုန်းရဲ့မျက်နှာပြင်ဟာ 6.39 လက်မရှိပြီး AMOLED display တပ်ဆင်ထားပါတယ်။ ဒါ့အပြင် ဖုန်းကြာရှည်သုံးစွဲသူတွေအတွက် မျက်စိထိခိုက်မှုကနေသက်သာဖို့ low-brightness coloar gray scale optimization နဲ့ DC brightness control ကိုထည့်သွင်းပေးထားပါတယ်။ ဒီဖုန်းမှာ ဓာတ်ပုံရိုက်ကူးရေးအတွက် AI (ဉာဏ်ရည်တု)ပါဝင်တဲ့ Sony ရဲ့ 48MP wide-angle camera, 13MP wide-angle cameraနဲ့ 8MP ရှိ Telephoto ကင်မရာတို့ပါဝင်ပြီး စုစုပေါင်းကင်မရာ(၃)လုံးတပ်ဆင်ပေးထားပါတယ်။ Selfie ရိုက်ကူးဖို့အတွက်ကိုတော့ 20 MP ရှိတဲ့ Pop-up ကင်မရာကို တပ်ဆင်ပေးထားပါတယ်။

ဒီ Premium Version မှာ Standard Version တုန်းကအတိုင်း 4000mAh ဘတ္ထရီကိုအသုံးပြုထားပြီး အားသွင်းတဲ့အပိုင်းမှာ 27 Watt နဲ့ အမြန်အားသွင်းနိုင်အောင် အဆင့်မြင့်တင်ပေးထားပါတယ်။ ဒီ Feature ကြောင့် နာရီဝက်အတွင်း 58% အထိ အားပြည့်စေမှာဖြစ်ပြီး ၁ နာရီနဲ့ ၁၂ မိနစ်အတွင်း 100% ထိ အားအပြည့်ပြန်သွင်းနိုင်မှာဖြစ်လို့ အားသွင်းတာကိုစောင့်ရတာစိတ်မရှည်တဲ့သူတွေ အကြိုက်တွေ့ကြမှာပါ။

နောက်ဆုံးပေါ်အမြန်ဆုံးပရိုဆက်ဆာ၊ နည်းပညာမြင့်မားတဲ့ဖုန်းအအေးပေးစနစ်၊ လျင်မြန်တဲ့အားသွင်းမှု၊ သေသပ်လှပတဲ့ဒီဇိုင်း နဲ့ အဖက်ဖက်ကပြည့်စုံနေတဲ့ ဖုန်းတစ်လုံးဖြစ်တဲ့ ဒီ Redmi K20 Pro Premium Edition ကို ငွေကျပ် ၆၃၃,၀၀၀ ကျပ်နဲ့ ict.com.mm မှာ အောက်ပါလင့်ခ်ကနေတဆင့် မှာယူနိုင်ပါတယ်။

https://ict.com.mm/product/xiaomi-redmi-k20-pro-premium-black-12gb-512gb/

Leave a Reply

Your email address will not be published. Required fields are marked *