ဗြိတိသျှကောင်စီ (မြန်မာ) သည်မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက်များစွာ အကျိုးရှိမည်ဖြစ်သည့် အတိုင်ပင်ခံအကြံပေးများ ပေါ်ပေါက်လာစေရန် ဦးတည်၍ အလုပ်သင်အတိုင်ပင်ခံ (Trainee Consultants) များကိုလေ့ကျင့်ပျိုးထောင်ပေးမည့် Development Opportunities – Training and skills for aspiring development practitioners ဟုအမည်ပေးထားသော အစီအစဉ်တစ်ရပ်ကို ဖော်ဆောင်နိုင်ရန် လျှောက်လွှာများ ခေါ်ယူနေပါသည်။ ဤအစီအစဉ်တွင် ပါဝင်ရန်ရွေးချယ်ခံရသူများသည် မြန်မာနိုင်ငံရှိ လူမှုဘဝနှင့် စီးပွားရေး ပြောင်းလဲမှုတို့ကို ပံ့ပိုးပေးနိုင်သည့် လိုအပ်သောစွမ်းရည်များ၊ နည်းပညာများ ရမည်ဖြစ်သည်။
တက်ရောက်သူများမှ သင်တန်းကြေးလုံးဝပေးရန်မလိုသည့် ဤအစီအစဉ်၌ ပါဝင်ခွင့်ရသော အလုပ်သင် အတိုင်ပင်ခံများသည် လုပ်ငန်းခွင်ဝင်သင်တန်းနှင့် အတိုင်ပင်ခံဆိုင်ရာ စကားလုံးအသုံးအနှုန်းနှင့် စွမ်းရည်မိတ်ဆက်သင်တန်းကို တခြားသော အလုပ်သင် အတိုင်ပင်ခံ (trainee consultants) များနှင့်အတူ တက်ရောက်ရပါမည်။ ထို့နောက် သင်တန်းသားများ၏ စွမ်းရည်များ၊ အတွေ့အကြုံနှင့် ဗဟုသုတများ တိုးတက်အောင် လမ်းညွှန်ပံ့ပိုးမှုပေးမည့် အတွေ့အကြုံရင့်ကျက်သည့် ဆရာများနှင့် ပူးပေါင်းလုပ်ဆောင်ခွင့်ရရှိမည် ဖြစ်သည်။ ထို့အပြင် ဆရာများ၏ လမ်းညွှန်ပံ့ပိုးမှုများကို ရယူ၍ ရရှိထားသော ကျွမ်းကျင်မှု နည်းပညာအသစ်များကို လက်တွေ့လုပ်ဆောင်ရမည့် assignment များ၌ လက်တွေ့အသုံးချခွင့်ရရှိမည် ဖြစ်သည်။ assignment ပြုလုပ်ရန်ထောက်ပံ့ငွေ နှင့် အခြားလိုအပ်သည်များကိုလည်း ဗြိတိသျှကောင်စီမှ ပံ့ပိုးပေးမည်ဖြစ်ကာ တစ်နှစ်ကြာ သင်တန်းကာလပြီးဆုံးပါက သင်တန်းပြီးစီးကြောင်း လက်မှတ်ရရှိမည်ဖြစ်သည်။
လျှောက်ထားသူများအတွက် စံသတ်မှတ်ချက်များ
ဤအစီအစဉ်တွင် ပညာရေး (Education)၊ ဥပဒေ (Law)၊ အရပ်ဖက်ဆိုင်ရာလူ့အဖွဲ့အစည်းတိုးမြှင့်အားဖြည့်မှု (Civil Society Strengthening)၊ စီးပွားရေးတိုးတက်မှု (Economic Development) သို့မဟုတ် လူမှုရေးသိပ္ပံ (Social Sciences) ကဏ္ဍများ၌ MSc/MA သင်တန်းတက်နေသော (သို့မဟုတ်) ဘွဲ့ရပြီးသော မြန်မာနိုင်ငံသားများ ပါဝင်နိုင်ပါသည်။
လျှောက်ထားသူများသည် ပညာရည်ထူးချွန်ကောင်းမွန်ခြင်း၊ အင်္ဂလိပ်စာအပြောနှင့် အရေးစွမ်းရည်များ မြင့်မားခြင်း၊ အကောင်းဖက်သို့ လူအဖွဲ့အစည်းပြောင်းလဲမှုတွင် ခိုင်မာစွာ စိတ်နှစ်မြှုပ်၍ လက်တွေ့ဆောင်ရွက်မှု ရှိခဲ့ခြင်း၊ ကောင်းမွန်သော ကိုယ်ရည်ကိုယ်သွေးရှိခြင်း၊ အဖွဲ့အစည်းနှင့် အလုပ်လုပ်တတ်ခြင်း၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်း၊ ကိုယ်တိုင်လွတ်လပ်စွာ ဆန်းသစ်တီထွင် တွေးခေါ်နိုင်ခြင်း၊ ၁၂ လ ကြာမည်ဖြစ်သော သင်တန်း၌ အမြဲအဆင်သင့်ရှိနေပြီး အချိန်ပေးနိုင်ခြင်းနှင့် ပြုလွယ်ပြောင်းလွယ်၍ လိုက်လျောညီထွေစွာ နေထိုင်နိုင်ခြင်း စသည့် အရည်အချင်းများကို ပြည့်မီရမည်။
လျှောက်ထားရန်
ဤအစီအစဉ်တွင် ပါဝင်ရန် လျှောက်လွှာတင်လိုသူများသည် အသေးစိတ်သိလိုသောအချက်များကို www.britishcouncil.org.mm/development-opportunities တွင်ဝင်ရောက်ကြည့်ရှုကာ ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၂ ရက် သောကြာနေ့ နောက်ဆုံးထား၍ ၎င်း webpage မှပင် online မှ လျှောက်ထားရပါမည်။
ပဏာမအဆင့် ရွေးချယ်ခံရသော လျှောက်လွှာရှင်များကိုသာ လူတွေ့စစ်ဆေးခြင်းအတွက် အချိန်သတ်မှတ်နိုင်ရန် ၂၀၁၄ ခု စက်တင်ဘာလ (၃)ရက် ဗုဒ္ဓဟူးနေ့ နောက်ဆုံးထား၍ ဆက်သွယ်ပါမည်။ ထပ်မံစုံစမ်းလိုပါက ဦးဇော်မြတ်လင်း (Programme Coordinator)၊ ဗြိတိသျှကောင်စီ၊ အီးမေး [email protected] နှင့် ဖုန်း ၃၇၀၉၃၃၊ ၂၅၆၂၉၀၊ ၂၅၆၂၉၁ လိုင်းခွဲ ၃၃၆၆ ထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။