News

ရုပ်ရှင်ဖလင်ထက် အရည်အသွေး ပိုမိုကောင်းမွန်သော DCP (Digital Cinema Package)ကို ပြည်တွင်း၌ အောင်မြင်စွာ ပြုလုပ်နိုင်ပြီ

ရုပ်ရှင်ဖလင် Analogခေတ်မှ Digital ခေတ်သို့ တဖြည်းဖြည်း ကူးပြောင်းလာပြီ ဖြစ်၍ အရည်အသွေး ကောင်းသော ရုပ်ရှင် တစ်ကားဖြစ်ဖို့ရာ နည်းပညာများစွာ ပါဝင် ပူးပေါင်းကြရန် လိုအပ်သည်။ Digital Filim ဇာတ်လမ်းများကို Package ပြုလုပ်ခြင်းဖြင့် ရုပ်ထွက်သံထွက်မှာ ပိုမို ကြည်လင် ပြတ်သားပြီး အရည်အသွေး အဆင့်အတန်း ပြည့်မှီသော ရုပ်ရှင်တစ်ကား ဖြစ်လာ ကြောင်းကို Stark School of Visual Artမှ ကိုဘိုဘိုကြည်က DCP အကြောင်းကို ပြောပြခဲ့သည်။

“အရင်တုန်းက ဖလင်နှင့် ရိုက်တယ်ဆိုရင် ဖလင်ပေါ်မှာပဲဆေး၊ ဖလင် ပေါ်မှာပဲ တညး်ဖြတ်ကြပါတယ်။ အခု အချိန် မှာတော့ Digitalနှင့် ရိုက်တဲ့ ဇာတ်ကား (Masterဖိုင်)ကို ပထမနည်း အနေနှင့် Positiveကို တိုက်ရိုက် ပြောင်းပြီး CDပေါ် တိုက်ရိုက် ကူးထည့်တဲ့့နည်း၊ ဒုတိယနည်း က Negativeကို ပြောင်းပြီးမှ Positive ပြောင်း၊ ပြီးမှ CD ပေါ်တိုက်ရိုက်ကူးထည့်တဲ့ နည်းဖြစ်ပြီး တတိယနည်းက မည်သည့် Positive၊ Negative မှမပြောင်းပဲ CDပေါ် တိုက်ရိုက်ရေးချလိုက်တာ ဖြစ်ပါတယ်။ DCP မှာက ဖလင်မှာဖြစ်တတ်တဲ့ Film Crash တွေမဖြစ်ပဲ အသံ အရည်အသွေးမှာလည်း အင်မတန်မှ ကောင်းမွန်တာကို တွေ့ရပါ တယ်။ ယခု လက်ရှိ DCP အသုံးပြုလို့ရတဲ့ Digital Cinemaပေါင်း ၁၀ရုံလောက်ထိ ရှိလာပြီဖြစ်သည်။

DCP မှာရှိတဲ့ အားသာ ချက် အနေနှင့်ကတော့ အချက်အလက် လုံခြုံမှု (Data Protection)ပဲ ဖြစ်ပါတယ်။ ရိုက်ကူးထားတဲ့ ဇာတ်ကားကို Encryption ပြုလုပ်ရာတွင် Password အသုံးပြု၍ ပြုလုပ် ခြင်းနှင့် ရုပ်ရှင်ရုံအတွင်းရှိ Projec -tion Bootထဲရှိ Server စက်ဖြင့် ပြုလုပ်ခြင်းဟူ၍ နှစ်မျိုးရှိတာ ဖြစ်ပါတယ်။ Encryption လုပ် ထားပြီးသား ဇာတ်ကားကို Validate ထည့်သွင်း အသုံးပြုလို့လည်း ရပါတယ်။ Validate ဆိုတာက ဒီဇာတ်ကားကို ဘယ် နေ့ကနေ ဘယ်နေ့အထိ၊ ဘယ်ရုံရဲ့ Server စက်မှာ ပြသမယ်ဆိုတာကို DCP အတွင်း ထည့်သွင်း ထားခြင်းဖြစ်ပါတယ်။ Validate ကိုပြန်လည်ပြင်ဆင် တိုးမြှင့်မှုအတွက် ကျွန်တော်တို့ ဆောင်ရွက်ပေးလျှက် ရှိပါ တယ်။ ဒါပေမဲ့ Digital ဆိုတဲ့အတွက် အပြင်မှာ အလွယ်တကူ ကူးနိုင် ဖြန် ့ဝေနိုင် တဲ့ အားနည်းချက် ရှိနေပြီး အလွယ်တကူ ကူးယူနိုင်ပါတယ်။ ဖလင်နှင့်ဆိုရင် ဖလင်က အပြင်မှာ အလွယ်တကူ မကူးနိုင် မကြည့် နိုင်ဘူး။ ကိုဘိုဘိုကြည် အနေနှင့် DCP ကို လုပ်တာ (၅)လရှိပြီ။

လက်ရှိအနေနှင့်တော့ ကျွန်တော်တို့က နှစ်ကားလောက် ပြောင်း ထားတယ်။ တစ်ကားက တရုတ်ပြည် ပေကျင်းမှာ သွားရိုက်ပြတဲ့ ဦးမီးပွားရဲ့ ကြိုး တန်းဇာတ်ကားနှင့် နောက်တစ်ကားက Loral Academyက ရိုက်တဲ့ကား ဖြစ်ပါ တယ်။ လက်ရှိရုံတွေမှာက ဗီဒီယိုတွေ ပြသ ခွင့်မရှိသေးလို့လဲဖြစ်နိုင်သလို Producerရဲ့ ဆုံးဖြတ်ချက်တွေ ပေါ်မှာလည်း မှုတည်ပါ တယ်။ VCD သီချင်းခွေကို DCP အဖြစ် ပြောင်းလို့ရနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် DCPရဲ့ Ratioလည်း လိုအပ်လျက်ရှိပါတယ်။ DCP ပြောင်းမယ့် VCD အနေနှင့် အနည်းဆုံး HD (or) 2K (or) 4K (or) 3D ဖြစ်ရမယ်။ အနိမ့်ဆုံး HD ဖြစ်ရင်ရပါပြီ။ယခုဆိုရင် 3D အထိ DCPကို လုပ်ပေးနိုင်ပြီ ဖြစ်ပါတယ်။ ရုပ်ရှင်တစ်ကားကို DCPပြောင်းရင် နှစ်ရက်ပဲ ကြာပြီး Documentaryကို နာရီဝက်ပဲ ကြာ ပါတယ်။ DCP ရုပ်တစ်ဖိုင် အသံတစ်ဖိုင် နှင့်လာပြီးအပြင်မှာ တွေ ့နေကျကားတွေက ရုပ်သံကိုပေါင်းပြီး တစ်နည်းအားဖြင့် Strea -ming လုပ်ပြီးသားဖြစ်တယ်။ DCPကို ဖန်တီးတဲ့သူ ကိုယ်တိုင်ပဲ Playလို ့ရပါတယ်။

ဘာကြောင့်လဲဆိုတော့ ပြင်ပမှာ အလွယ် တကူဝယ်လို ့ရတဲ့ Playerတွေက DCP ကို မဖတ်ပါဘူး DCPက ရုပ်ရှင်ရုံထဲမှာ ရှိတဲ့ Projection Boot ထဲက Server စက်ထဲမှာပဲ ဖတ်လို့ပါ။ သီချင်းကို DCP မလုပ်နိုင်ပေမဲ့ Documentaryကိုတော့ ပြောင်းပေးနိုင် တယ်။ အရင်က DCP လုပ်ရင် အိန္ဒိယ၊ စင်ကာပူနှင့် ထိုင်းတို့မှာ သွားလုပ်ရတယ်။ ဈေးလည်း အင်မတန်မှ ကြီးပါတယ်။ ယခုပြည်တွင်းက ကျွန်တော်တို ့ဆီမှာ လုပ် တယ်ဆိုရင် ပြည်ပကဈေးထက် ၁၀ပုံမှာ တစ်ပုံပဲ ပေးရပါတယ်။ ဈေးလျှော့ယူရတဲ့ အကြောင်းက မြန်မာရုပ်ရှင် လုပ်ငန်းကို အောင်မြင် ကောင်းမွန်စေချင်တဲ့ ရည်ရွယ် ချက်ကြောင့် ဖြစ်ပါတယ်။ DCPရဲ့ ဖွဲ့စည်း ပုံက Folder တစ်ခုရှိတယ် အဲဒီ Folder ရဲ ့ အောက်မှာ File ခြောက်ခု ရှိတယ်။ အဲဒီ File အားလုံးပါမှ ဖတ်လို့ရမှာ ဖြစ်ပါတယ်။

အပြင်က ကွန်ပျူတာတွေက အဲဒီဖိုင်တွေ ကို နားမလည်ဘူး။ ရုပ်ရှင်ရုံထဲက Server ကပဲ နားလည်ပါတယ်။ Operation လုပ်တဲ့ စက်အနေနှင့်ကတော့ လက်ရှိ Film Productionနှင့် လုပ်လို့ ရပါတယ်။ DCP ပြောင်းရင် Packaging အဆင့်ပဲ ကျွန်တော် တို့က လုပ်တာမို့လို့ မူရင်းဖိုင်သာ ကောင်း တယ်ဆိုရင် ထွက်လာတဲ့ DCP အနေနှင့် အရည်အသွေး အပြည့်အတိုင်း ထွက်လာမှာ ဖြစ်ပါတယ်။ Digital Cinema Package စက်သုံးတဲ့ ရုပ်ရှင်ရုံတွေ မှန်သမျှက အခု ဆိုရင် 3D ရုံတွေပဲ ဖြစ်ပါတယ်။ အခု DCP ပြောင်းတဲ့လုပ်ငန်းကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးရဲ့ ခွင့်ပြုချက်နှင့် ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်ဟု” Digital Cinema Package ပြုလုပ်နေသူကို ဘိုဘိုကြည်မှ ရှင်းပြခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *