News

မြန်မာဗီဒီယိုဇာတ်ကားများ အင်တာနက် မှတစ်ဆင့် တရားဝင် ရောင်းချနိုင်ရန် စီစဉ်နေ

မြန်မာဗီဒီယို ဇာတ်ကားများအား အင် တာနက်မှတစ်ဆင့် တရားဝင် ရောင်းချ နိုင်ရန် စီစဉ်လျက် ရှိသည်ဟု သိရပြီး ၎င်း အစီအစဉ်အား မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးနှင့် ပြင်ပ ကုမ္ပဏီတစ်ခုတို့ ပူးပေါင်း လုပ်ဆောင်ရန် စီစဉ်နေခြင်း ဖြစ်ကာ မကြာမီ အကောင်အထည် ဖော်သွားရန် ရှိကြောင်း သိရသည်။ မြန်မာ့ဗီဒီယို ဇာတ် ကားများကို အင်တာနက်မှ တစ်ဆင့် တရား ဝင်ရောင်းချနိုင်ရန် စီစဉ်နေကြောင်း၊ ယခု အချိန်သည် မြန်မာဗီဒီယို ဇာတ်ကားများ၏ ဈေးကွက်မှာ သိသိသာသာ ကျဆင်းနေ သည်ဟု ဆိုရမှာဖြစ်ကြောင်း၊ လမ်းကြောင်း သစ်တစ်ခု ဖြစ်လာရန် စီစဉ်နေခြင်း ဖြစ် ကြောင်း၊ ဇာတ်ကားသစ်တစ်ကား ထွက်ပြီ ဆိုသည်နှင့် အင်တာနက်ပေါ်ကို တင်မည့် တရားဝင် ဈေးနှုန်းတစ်ခု သတ်မှတ်ပြီး ရောင်းချမည်။

ရလာသော ဈေးနှုန်းကို ဇာတ် ကားထုတ်လုပ်သူနှင့် တရားဝင်ရောင်းချခွင့် ကို ကြားခံဆောင်ရွက်ပေးသည့် ပြင်ပ ကုမ္ပဏီတို့ အချိုးကျ ခွဲဝေယူသော စနစ်မျိုး ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ယခုလက်ရှိ တွင်လည်း အင်တာနက်တွင် မြန်မာဇာတ် ကားများ တင်နေခြင်းမျိုးတွေ တွေ့ရကြောင်း၊ ၎င်းတို့သည် တရားမဝင် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ရုပ်ရှင်အစည်းအရုံးအနေဖြင့် ယခုကဲ့သို့ တရားမဝင် ဇာတ်ကားတင်ခြင်း များ၊ ရောင်းချခြင်းများ အားလုံးကို ဥပဒေနှင့် အညီ အရေးယူနိုင်ရန် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဗီဒီယိုအခြေခံအဖွဲ့ (ဗဟို)မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြခဲ့ပါသည်။ အင်တာနက်မှ တစ်ဆင့် မြန်မာဗီဒီယို ဇာတ်ကားများအား တရားဝင် ရောင်းချခွင့် ရရှိရန်အတွက် ဆောင်ရွက်လျက်ရှိရာ အဓိကအားဖြင့် နယ် စပ်ဒေသများနှင့် ပြည်ပနိုင်ငံများရှိ ဈေး ကွက်ကို အဓိက ရည်ရွယ် ရောင်းချရန် ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “မြန်မာဗီဒီယိုဇာတ်ကားများ အင်တာနက် မှတစ်ဆင့် တရားဝင် ရောင်းချနိုင်ရန် စီစဉ်နေ

  1. may thu kyaw says:

    တရားဝင်ဘယ်လောက်ရောင်းရောင်း မသမာသူဆိုတာရှိစမြဲပါဘဲ

Leave a Reply

Your email address will not be published. Required fields are marked *