Opinion

ကျန်းမာရေး ပညာပေး ဓာတ်ပြားဟောင်းကြီး

www.healthxchange.com.sg

နံနက်မိုးလင်း၍ မျက်စိနှစ်လုံး ပွင့်သည် နှင့် ကြည်လင်သာယာလှသော သြကာသ လောကကြီးကို ကြည်နူးဖွယ် တွေ့ရသည်။ ထွက်ပေါ်စ တက်နေဝန်း၏ ရောင်စဉ်ဖြာများ ကြား၌ ဟိုမှသည်တို့ တက်ကြွစွာ ပျံသန်းနေ သော ငှက်ငယ်လေးများကို မြင်တွေ့ရသည် မှာ လန်းဆန်း တက်ကြွဖွယ် ဖြစ်သည်။ အခန်း၏ ပြတင်းတံခါးကို ဘေးသို့ တွန်းဖွင့် ၍ နံနက်ခင်း၏ အရသာကို အပြည့်အဝ ခံစားရန် အပြင်သို့ ခေါင်းပြူထွက်မိလိုက် သောအခါ အေးမြသော ရေငွေ့များ ပါဝင် သည့် လေပြေအေးလေးက မျက်နှာကို ရိုက် ခတ်သွားသည်။ စိမ်းစိုနေသော မြက်ခင်းပြင် ကြီးနှင့် ခြံစည်းရိုးပင်များကို ကြည့်လိုက် သောအခါ ရေစက် ရေပေါက်လေးများ တင် နေပြီး စိုစိုပြည်ပြည် ရှိလှသည်။ အရုဏ်တက် ချိန်က ရွာခဲ့သည့် ဝဿန္တမိုးရာသီ၏ သာယာ လှသည့် နံနက်ခင်းလေးပါတကား။

တစ်ကိုယ်ရေ သန့်ရှင်းရေး ကိစ္စရပ်များ ပြုမူဆောင်ရွက်ပြီး နံနက်စာကို ဖြစ်သလို စားကာ ဆေးရုံသို့ အမောတကော ပြေးရ သည်။ နံနက်ခင်းမျိုးကိုကား ဒေါက်တာ ပီတိ တစ်ယောက် နယ်ရောက်ကတည်းက မကြုံ ရတော့။ ခြေလှမ်း အလှမ်းနှစ်ဆယ်မျှ လျှောက်လျှင် ဆေးရုံသို့ ရောက်နိုင်မည့် ဆေးရုံဝန်းအတွင်းမှ ဆရာဝန်များ အဆောင် တွင် နေထိုင်ခွင့် ရခဲ့သည် မဟုတ်လော။ အပေါ်ထပ်အောက်ထပ် နှစ်ထပ်မျှသာ ရှိ သော ဆေးရုံငယ်လေး တစ်ခုမို့ လူနာ ပမာဏနှင့် အလုပ် တာဝန်များလိမ့်မည် မဟုတ်ဟု ရောက်စက ထင်မိခဲ့သော်လည်း အထင်နှင့် အမြင် ဟက်ထက်ကွဲအောင် လွဲခဲ့သည်။ ရိုးသားသော မြို့နေလူထုသည် ဆရာဝန် ဆရာမများနှင့် ဤဆေးရုံကို ၎င်း တို့၏ ကျန်းမာရေးအတွက် တန်ဖိုးထား အား ကိုးကြသည်။ အတွင်းလူနာသာမက၊ ပြင်ပ လူနာကုဌာနများတွင် တာဝန်ချိန်အတွင်း နားချိန်မရှိလောက်အောင် ကြည့်ရှုကုသပေး ရသည်။ သို့သော် “မောတော့ မောတာပေါ့၊ ဒါပေမယ့် မမောဘူး”ဟု လူရွှင်တော်များ ဆိုသကဲ့သို့ စေတနာ မေတ္တာရောင်ပြန်ဟပ်မှု များကို အံ့မခန်း တွေ့ရလေတော့ “မောလို့ မောမှန်း မသိ”အောင် စာရေးသူတို့ ပင်ပန်း လှသည်။

ကျန်းမာရေး ပြဿနာများတွင် အသက်၊ အရွယ်၊ ကျား၊ မအလိုက်အဖြစ်များသော ဖြစ်လေ့ရှိသော ရောဂါများ ရှိသကဲ့သို့ အား လုံးတန်းတူဖြစ်နိုင်သည်များလည်း ရှိသည်။ ထို့အပြင် ကာလဒေသနှင့် ရာသီဥတု အလိုက် သက်ဆိုင်သော ဖြစ်လေ့ရှိသော ရောဂါများလည်း ရှိသည်။ “………..” ရောဂါတွေ Outbreak ဖြစ်နေပြီဟေ့ ဟူ၍ အုပ်စုလိုက် လူအများစု နေရာတစ်ခုတွင် “ဗြုန်းကနဲ”ဖြစ်ပွားတတ်သည်များ ရှိသကဲ့ သို့ “တအိအိ”နှင့် အချိန်အတန်ကြာ ဖြစ်ပွား တတ်သည့် ရောဂါပုံစံများလည်း ရှိပေသည်။ ယခုလည်း ပြီးခဲ့သည့် နှစ်ပတ်ခန့်မှစ၍ “ဝမ်း ပျက်ဝမ်းလျှောရောဂါ”ဖြစ်ပွားသည့် လူကြီး နှင့် ကလေးများလာသည်ကို သတိထားမိ သည်။ GE (Gastroenteritis)ဝမ်းလျှော ဝမ်းပျက်ရောဂါဟူသည် စာရေးသူတို့ House Officer (အလုပ်သင််ဆရာဝန်)အဆင့်မျှကတည်းက ပိုင်ပိုင်နိုင်နိုင် ကုသခဲ့ နို်င်၍ “အသေးအဖွဲ ပြဿနာ”ဟု ထင်မှတ်မိ ခဲ့သော်လည်း လူနာတစ်ဦးတစ်ယောက်ချင်း ဆီကို ကုသရုံဖြင့် ကျန်းမာရေးဝန်ထမ်း၏ တာဝန်သည် ကျေပွန်ပြီဟု မမည်ကြောင်း အတွေ့အကြုံနှင့် လုပ်ငန်းခွင် သင်ခန်းစာများ မှ ရရှိခဲ့ပါသည်။

လွယ်လင့်တကူ ကုသနိုင်သည်ဟု အများမှတ်ယူကြသော်ငြား မလွယ်ကူသော နောက်ဆက်တွဲ ပြဿနာများ Severe Dehychration အရည်တတ်ခန်းလွန်းခြင်း၊ Sephicemia ပိုးဆိပ်ပျံ့ခြင်း၊ Acute Renal Fallure ကျောက်ကပ် ပျက်သွားခြင်း အစရှိသည်တို့ကြောင့် အသက်အန္တရာယ် အထိ ရောက်နိုင်ကြသည်။ ဤပြဿနာရပ် များသည် စာရေးသူတို့ကဲ့သို့ ဖံွ့ဖြိုးပြီး နိုင်ငံ များတွင်ပါ မျက်နှာလွှဲ မရနိုင်သည့် ကျန်းမာ ရေးကိစ္စရပ်များ ဖြစ်သဖြင့် WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးမှ စဉ်ဆက်မပြတ် Guide Line နည်းလမ်း၊ ကုထုံးများ ချမှတ် ပေးနေရခြင်း ဖြစ်ပါသည်။ ကျေးလက်နှင့် နယ်စပ်ဒေသမကျန် အခြေခံ ကျန်းမာရေး ဝန်ထမ်းများ ခန့်အပ်ပြီး အရေးပေါ်ကုထုံးနှင့် အချိန်မီ လူနာညွှန်ပို့ လွဲှပြောင်းနိုင်ရေးများ သင်တန်းပို့ချပေးရခြင်း၏ အကြောင်းရင်း လည်း ဖြစ်ပါသည်။

“ဘာလို့ ဝမ်းလျှောကြရတာလဲ”ဟု မေးလျှင် “ညစ်ပတ်လို့ပေါ့”ဟု အများစုက လက်ခံသိရှိကြပါသည်။ Food Borne Infectionဖြစ်သည့် အစားအစာနှင့် ရေမှ ကူးစက်တတ်သော Bacteria ပိုးကောင်များ ကြောင့် ဝမ်းရောဂါဖြစ်နိုင်သကဲ့သို့ သာမန် တုပ်ကွေးဟု အမည်အလွယ်တကူ သုံးနိုင် သည့် Virusများကြောင့်လည်း ဝမ်းလျှောနိုင် ပါသည်။ ငှက်ဖျား Malariaကဲ့သို့ Parasitic Infectionများကြောင့်လည်း ဝမ်းပျက်နိုင် သကဲ့သို့ Fungueမှိုများကြောင့်လည်း ဝမ်း ရောဂါဖြစ်နိုင်သည်။ တစ်ကိုယ်ရေ သန့်ရှင်း ရေးနှင့် အစားအသောက်ကို ဆင်ခြေပါ လျက်နှင့်ရော ဝမ်းပျက်ရပါသည်ဟု ဆိုလျှင် ကား ကိုယ်ခန္ဓာ၏ သဘာဝဇီဝ ထိန်းချုပ်မှု နှင့် ကိုယ်ခံစွမ်းအားတို့၌ လွဲချော်မှုများရှိနေ၍ ဖြစ်ပေမည်။ အများစုကား Faccal Oral Routeဟု ခေါ်သည့် အစာလမ်းကြောင်း ပိုး ဝင်သောကြောင့် ဖြစ်ရပါသည်။

“ဝမ်းသံသရာ”ဟု ဆိုနို်င်သည့် ဖြစ်စဉ် တစ်ခုကား ကလေးလူကြီး တစ်ဦး၏ သန့် ရှင်းရေးကို ဆောင်ရွက်ပေးရမှ မိမိ ကိုယ် တိုင်သော်လည်းကောင်း အခြားတစ်ဦးထံသို့ လည်းကောင်း၊ တိုက်ရိုက် သော်လည်း ကောင်း၊ အသုံးအဆောင်များကို ကိုင်တွယ် ခြင်းဖြင့် သွယ်ဝိုက်၍ အသုံးအဆောင်များကို ကိုင်တွယ်ခြင်းဖြင့် သော်လည်းကောင်း ကူးစက်နိုင်ပါသည်။ “ဆေးတွေလည်း သောက်တာပဲ မပျောက်ဘူး၊ ဝမ်းပိတ်ဆေး လေးထိုးပေးပါ မခံနို်င်တော့လို့”ဟူသော လူ နာများ စာရေးသူတို့ မကြာခဏ ကြုံတွေ့ရ သည်။ ဝမ်းပျက်ဝမ်းလျှောရောဂါ၏ ပင်မ ကုထုံးမှာ ကုန်ခန်းသွားသော အရည်ဓာတ်၊ ဆားဓာတ်ကို ပြန်ဖြည့်ရုံသာ။ အရေးကြီး သည် Foecal Oral ကွင်းဆက်ကို ပျက် အောင် တစ်ကိုယ်ရေ သန့်ရှင်းရေးပင် ဖြစ် သည်။

“ဆရာရယ်….သူ့ဝမ်းက သန့်ပါတယ်၊ ဝမ်းဖတ်တောင် မပါဘူး။ သောက်တဲ့ ရေ တွေပဲ ပါတာ”ဟု လူနာအများစုက ပြော တတ်ကြပါသည်။ “ကလေးဝမ်းက သန့်ပါ တယ်။ သူကနို့ပဲစို့တာ အပြင်စာ စားတာမှ မဟုတ်ဘဲ ဟူ၍လည်း အမှတ်မှားတတ်ကြ သည်။ လူတို့၏ မျက်စိဖြင့် မမြင်နို်င်သော ထို ဝမ်းပိုးများ ပါးစပ်တွင်း တစ်နည်းနည်းဖြင့် ဝင်ရာမှ ၎င်း၏ ဝမ်းရောဂါသည် ကုရခက် လာတော့မည်။ ထိုအရည်ကြည် ဝမ်းများ သည် လူ့အသုံးအဆောင် ဥပမာ ကုတင်၊ ထိုင်ခုံများတွင် ကပ်ငြိနေပြီး နောက်ထပ်ထိ တွေ့သူတို့၏ ပါးစပ်အတွင်း တစ်နည်းနည်း ဖြင့် ရောက်သွားနို်င်သည်။ အထူးသဖြင့် လူ အများ၏ အစားအသောက်ကို ပြင်ပေးရသူ များ၏ တစ်ကိုယ်ရေ သန့်ရှင်းမှု ညံ့ဖျင်းလျှင် အုပ်စုလိုက် ဝမ်းပျက်ခြင်း ဖြစ်နိုင်ပါသည်။

ဝမ်းပိတ်ဆေးဟု ခေါ်သည့် Antidiarr-heeal Drugeများသည်ကား ဝမ်းရောဂါကို ရံဖန်ရံခါ ပိုမိုဆိုးရွားသွားစေတတ်သည်။ အူ ငြိမ်ဆေး Antimotdily Drugများကြောင့် ဗိုက်မနာ ဝမ်းမသွားတော့ငြားလည်း အူ အတွင်းအရည်များ Stasis အောင်းနေပြီး ဝမ်းပိုးပျံ့ခြင်း ဖြစ်တတ်ပါသည်။ Bacteria ပိုးများ၊ ကာလဝမ်းဟု ခေါ်သည်။ Cholera ကြောင့် ဖြစ်သည့် ဝမ်းရောဂါများဆိုလျှင် တော့ ပိုးသတ်ဆေး Antibiotic ညွှန်ရပေ သည်။ အချိန်တိုအတွင်း အရည်ဓာတ် ဆုံးရှုံး မှုများပြီး အသက်အန္တရာယ်ရှိသော Choleraဟု ထင်လျှင်တော့ ဆေးရုံ အမြန် တတ်သင့်ပါသည်။

ထို Cholera ကာလဝမ်း ရောဂါ၏ လက္ခဏာများကား ဆန်ဆေးရည် ကဲ့သို့ အဖြူရည်များ ဝမ်း သွားခြင်း၊ ငါးညီနှံ ကဲ့သို့ ညှီစို့စို့နံခြင်း၊ ခဏတာအတွင်း မျက်တွင်း ဟောက်ပက် ဖြစ်လာခြင်း၊ ဆီး သွားနည်းလာခြင်း၊ မော ဟိုက်လာခြင်းတို့ ဖြစ်ပါသည်။ ရယ်စရာ တစ်ခု ပြောရမည် ဆိုလျှင် စာရေးသူတို့ နောက်ဆုံးနှစ်အပိုင်း (ခ)ကာလက လူနာအား ရောဂါရာဇဝင် မေးမြန်းရာ၌ “ဝမ်းကနံလား”ဟု မေးမိရာ ပါမောက္ခ ဆရာ ကြီးက “မင်းဘယ်ဝမ်းက မွေှးတာရှိ ဖူးလဲ”ဟု ပြန်မေးသည်ကို ခံရဖူး ပါသည်။

ဝမ်းပျက်၍ အသက်ဆုံးရှုံးရသူများထဲ တွင် အဓိက အန္တရာယ် ရှိသူများကား ကလေးငယ်များနှင့် အသက်ကြီးသူများပင် ဖြစ်သည်။ ကိုယ်ခံအား ကျဆင်းမှု ကူးစက် ရောဂါရှိသူများလည်း သတိထားရမည်။ ကလေးငယ််များ၏ အရည်ဓာတ်ခန်းခြောက် မှုကိုကား No Signs of Dehydration၊ Some Dehydrationနှင့် Severe Dehrdrationဟူ၍ ကလေး၏ လန်းဆန်းမှု မျက်တွင်းချိုင့်ဝင်မှု၊ ရေငတ်မှု၊ အသားအရေ စိုပြေ ခြောက်ကပ်မှုပေါ် မူတည်၍ ယေဘု ယျခွဲခြားနို်င်သည်။ ပန်းကလေးများ ကဲ့သို့ ပင် အညှိုးလွယ်သော ကလေးများ အတွက် ကား ဆုံးရှုံးသွားသော အရည်များ ပြန်လည် မဖြည့်ဆည်းနိုင်လျှင် အချိန်ပိုင်း အတွင်း အသက်အန္တရာယ် ဖြစ်နိုင်သည်။ ဝမ်း သွားသည့် ကာလ (၁၄)ရက်ထက် ကျော်လွန် သွားလျှင်ကား Presistent Diarrhoeaဟု သတ်မှတ်ရပါသည်။

ဓာတ်ဆားရည်တိုက်ခြင်းနှင့် ပတ်သက် ၍လည်း စာရေးသူအပါအဝင် ဆရာဝန် စာရေးဆရာများ မကြာခဏဆိုသကဲ့သို့ ရေးသားဖြစ်၍ အကျယ်တဝင့် မတင်ပြတော့ ပါ။ အရေးကြီးသည့် တစ်ချက်ကို ထပ်မံ သတိပေးရလျှင် “ဓာတ်ဆားထုပ်ကို အညွှန်း ပါအတိုင်း ရေပမာဏ အတိအကျဖြင့် ဖျော်ပါ” တစ်ဝက်ခွဲဖျော်ခြင်း၊ ပိုကောင်း အောင် အရည်နည်းနည်းဖြင့် ပြင်းပြင်း ဖျော် ခြင်း၊ ပျော့သွားအောင် အရည်ပိုထည့်ခြင်း များက အသက်အန္တရာယ်ဖြစ်စေနိုင်ပါသည် ဟု ထပ်ဆောင်း သတိပေး ရေးသားလိုက် ရပါတော့သည်။

Leave a Reply

Your email address will not be published. Required fields are marked *