Gaming

Danganronpa – The Animation

Danganronpa – The Animation
Genre – Mystery, Thriller
No. of episodes – 13
Studio – Lerche
Score – 4 out of 5

နာမည်ကြီး PSP ဂိမ်းဖြစ်တဲ့ Danganronpa: Trigger Happy Havocကို မှီငြမ်း ဇာတ်လမ်း ရေးဆွဲထားတဲ့ Danganronpa: The Animationဟာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဇာတ်လမ်းကျောရိုးနှင့် တစ်ယောက်နှင့်တစ်ယောက် ပုံစံ ကွဲပြားပြီး Cosplayလုပ်ချင်စရာကောင်းတဲ့ ဇာတ်ကောင်တွေကြောင့် မထွက်ခင်ကတည်းက ပရိသတ် စိတ်ဝင်စားမှုရရှိထားတဲ့ Animation Seriesတစ်ခုဖြစ်ပြီး အပတ်စဉ် အပိုင်းသစ်များ ထွက်ရှိနေတဲ့ အချိန်မှာလည်း ပရိသတ်ရဲ့ စဉ်ဆက်မပျက် အားပေးမှုရရှိခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တာကို တွေ့ရမှာပါ။

Danganronpanကို Japanနိုင်ငံအတွင်း Julyလမှ Septemberလအထိ TV Channel များမှာ ပြသခဲ့ပြီး  Funimationရဲ့ Online Websiteမှာလည်း Streaming စနစ်ဖြင့် ပြသခဲ့ပါတယ်။ Danganronpanကို Video Game Adaptation ဇာတ်လမ်းတွဲတွေ ရိုက်ကူးရာမှာ နာမည်ကျော်တဲ့ Persona 4နှင့် Devil Survivor 2 တို့ရဲ့ Director Seiji Kishiနှင့် Studio Lercheတို့ ပူးပေါင်း ရေးဆွဲထားပါတယ်။ မူရင်း Danganronpanဂိမ်းကတော့ လူသတ်မှုများကို ဖော်ထုတ်ရမည့် စုံထောက်ဆန်ဆန်Gameplayနှင့် ထိပ်လန့်သည်းဖို Thrillerနှင့် Survival Gameplay တို့ကို ပေါင်းစပ်ထားတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး Danganronpanမှာတော့ ထောက်လှမ်း စုံစမ်းတဲ့အပိုင်း Thrillerနှင့် Mysteryပိုင်းတွေကို အသားပေး တင်ဆက်ထားတာ တွေ့ရမှာပါ။

ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ Makoto Naegiအမည်ရ Hope’s Peak Academyရဲ့ ကျောင်းသားသစ်တစ်ယောက် ဖြစ်ပြီး ကျောင်းအတွင်း ရောက်ရောက်ချင်းမှာပဲ Naegiအပါအဝင် ကျောင်းသား၊ ကျောင်းသူ 15 ယောက်ဟာ ကျောင်းအတွင်းမှ ပြန်လည်ထွက်ခွါရန် မဖြစ်နိုင်တော့ကြောင်း ကျောင်းအတွင်း အသင့်ရောက်နေတဲ့ Monokumaအမည်ရ အဖြူတစ်ပိုင်း၊ အမဲတစ်ပိုင်း ဝက်ဝံစက်ရုပ်က ပြောကြားလိုက်ပါတယ်။ ဆက်လက်ပြီးတော့ Monokumaက Hope’s Peak Academyမှ လွှတ်မြောက်လိုသူ ကျောင်းသားများအနေနှင့် အခြား ကျောင်းသူ ကျောင်းသားများကို အမှုမပေါ်အောင် သတ်ရမှာဖြစ်ပြီး အမှုစစ်သည့်အခါအတွင်း သံသယဝင်မခံရဘဲ ကျန်ရှိသည့် နောက်ဆုံးကျန်ရစ်သူတစ်ယောက်သာ ကျောင်းမှ လွှတ်မြောက်ခွင့်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ Hope’s Peak Academyအနေနှင့် တစ်နေရာရာမှာ အရမ်းထူးချွန်တဲ့ ကျောင်းသားများကိုသာ ဝင်ခွင့်ပေးတဲ့အလျှောက် Hope’s Peak Academyအတွင်းရှိ အထူးညဏ်ကောင်းသူ၊ အထူးအားကစားကျွမ်းကျင်သူ၊ အထူးကံကောင်းသူအစရှိတဲ့ Super High School-Levelကျောင်းသားများသာ ပါဝင်တဲ့အတွက်ကြောင့် တစ်ယောက်နှင့်တစ်ယောက် သံသယမဝင်အောင်၊ မိမိရဲ့ အမှုကိုလူမသိဘဲ ကျူးလွန်နိုင်အောင် ဘယ်လိုကြိုးစားကြမယ် ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။

Danganronpa ဇာတ်လမ်းဟာ SAW ရုပ်ရှင်တွေလိုမျိုး လူသားတွေကို ပိတ်ထားပြီး ဒုက္ခရောက်အောင် စီစဉ်ပုံဆင်တူပေမည့် တစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်ပုံတွေကို အသားမပေးထားဘဲ လူသတ်မှု ဖော်ထုတ်ပုံတွေကို စိတ်ဝင်စားဖွယ်ကောင်းအောင် ဇာတ်လမ်းဆင်ထားတာ တွေ့ရပါတယ်။ ဒါပေမယ့် သဲလွန်စအများစုကိုတော့ ဂိမ်းထဲကလို ကိုယ်တိုင်တစ်ခုချင်း ရှာဖွေပြီး ကြိုတင်ဆုံးဖြတ်ရမှာ မဟုတ်ဘဲ ဇာတ်လမ်းတွင်း အမှုစစ်နေရင်းမှသာ လူသတ်သမားဘက်မှ ဟာကွက်တွေကို ထောက်ပြသွားတဲ့အတွက်ကြောင့် ဂိမ်းမဆော့ထားဖူးဘဲနှင့် တရားခကြိုဖော်ဖို့ ခက်ခဲမှာဖြစ်သလို ဇာတ်လမ်းတွဲကြညပြီးမှ ဂိမ်းကစားဖြစ်မယ့် သူတွေလည်း ဇာတ်လမ်းအရသာ ပျက်သွားနိုင်တာမို့ PSP က Video Game ကစားပြီး Animation Series ကို ဆက်ကြည့်မယ်ဆို ပိုသင့်တော်မှာပါ။

Monokumaအပြင် အခြားစိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ Super Duper Gambler! Celestia Ludenberg၊ Super Duper Level Model Junko Enoshimaနှင့် Genocider Shoအစရှိတဲ့ ဇာတ်ကောင်တွေ ပါဝင်ပြီး ဇာတ်လမ်း တစ်လျှောက် မိမိစိတ်ကြိုက်ဇာတ်ကောင်တွေကို ရွေးချယ် အားပေးမိနေမှာပါ။ ကျောင်းသားတွေအပြင် ဇာတ်လမ်းတွဲတစ်ခုလုံး ကြိုးကိုင်နေတဲ့ Monokumaနှင့်အတူ အခြားစိတ်ဝင်စားဖွယ် လှည့်ကွက်များစွာပါဝင်မည့် Danganronpa Seriesဟာ Thriller ဇာတ်လမ်းပရိသတ်များ အကြိုက်တွေ့မည့် စီးရီးသစ်ဖြစ်သလို ဂိမ်းသစ်တွေလည်း PSVitaမှာ ဆက်လက်ထွက်ရှိနေတဲ့အတွက် အောင်မြင်မှုအတိုင်းအတာပေါ် မူတည်ပြီး ဇာတ်ကောင်အသစ်တွေ ပါဝင်မည့် Season 2 ဆက်လက်ထွက်လာနိုင်တဲ့ စီးရီးကောင်းတစ်ခုဖြစ်ပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *