News

“စတုတ္ထအကြိမ် မြန်မာ့အလုပ်အကိုင်ပြပွဲ (၂ဝ၁၃)” (4th Myanmar Job Fair 2013) တွင် ပါ၀င်ပြသနိုင်ပါရန် ဖိတ်ခေါ်ခြင်း

“စတုတ္ထအကြိမ် မြန်မာ့ အလုပ်အကိုင်အခွင့်အလမ်းများပြပွဲ (၂ဝ၁၃)” (4th Myanmar Job Fair 2013) ကို နိုင်ငံအတွင်း အလုပ်အကိုင်နေရာများ ဖန်တီး ပေးနိုင်သော လုပ်ငန်းများနှင့် အလုပ်အကိုင် ရှာဖွေနေသော လူငယ်များ တစ်နေရာတည်းတွင် တိုက်ရိုက်တွေ့ဆုံနိုင်ရန်၊ လူငယ်လူရွယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ပိုမိုရရှိနိုင်ရန်၊ အလုပ်ရှာဖွေ နေသော လူငယ်လူရွယ်များအတွက် အချိန်ကုန်ငွေကုန် သက်သာစွာဖြင့် ဝန်ဆောင်ခ ကုန်ကျစရိတ်မရှိဘဲ လုပ်ငန်းများ၊ ကုမ္ပဏီများနှင့် တိုက်ရိုက်တွေ့ဆုံကာ အလုပ်အကိုင်များ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ကျင်းပမည့်နေ့ – (၂၁.၁၂.၂ဝ၁၃) ရက်နေ့ မှ (၂၃.၁၂.၂ဝ၁၃ ) နေ့ထိ
ကျင်းပမည့်အချိန် – နံနက် (၉းဝဝ) နာရီ မှ ညနေ (၅းဝဝ)နာရီ ထိ
ကျင်းပမည့်နေရာ – တပ်မတော်ခန်းမ၊ ဦးဝိစာရလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

အဆိုပါပြပွဲတွင် ပြခန်းတစ်ခန်းလျှင် (၃)ရက်အတွက် ကျပ် ၃၅ဝ,ဝဝဝ/- နှင့် ကျပ် ၃ဝဝ,ဝဝဝ/- ဟူ၍ ပြခန်းအမျိုးအစား နှစ်မျိုးသတ်မှတ်ထားပြီး ပါဝင်ပြသလိုပါက ပြပွဲကျင်းပရေးကော်မတီ၊ ပြခန်းများ ရောင်းချရေးတာဝန်ခံ ဝ၉၅၁၄၂၃၃၁၊ ဝ၁-၂၃ဝ၁၅၇၃ သို့ ဆက်သွယ် ဆောင်ရွက်ပါရန် ဖိတ်ခေါ်အပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *