News

Acer မှ ထူးချွန်ကျောင်းသားများအား ဆုချီးမြှင့်ခြင်းအခမ်းအနား

ယနေ့ နေ့လည်တစ်နာရီက ရန်ကုန်မြို့ Orchid Hotel တွင် ရွေှလမင်းနဂါးကုမ္ပဏီမှ ဖြန့်ချိသော “Acer” Product များကို၀ယ်ယူအားပေးသည့် Customer များအား ကျေးဇူးတုန့်ပြန်သည့် အခမ်းအနားတစ်ခု ကျင်းပခဲ့ပါတယ်။ Student Challenging Opportunity ဟု အမည်ပေးထားပြီး အဆိုပါ အစီအစဉ်ကို ကျင်းပရခြင်း ရည်ရွယ်ချက်မှာ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူတို့ရဲ့ ကြိုးစားမှုများကို အသိအမှတ်ပြုတဲ့အနေနဲ့ တက္ကသိုလ်၀င်တန်းမှာ ဂုဏ်ထူးများများ၊ အမှတ်များများ ရရှိတဲ့သူတွေကို ဆုချီးမြှင့်ခြင်းပဲ ဖြစ်ပါတယ်။
အစီအစဉ်ကတော့ တက္ကသိုလ်၀င်တန်းဖြေဆိုထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ Acer Notebook များကို အောင်စာရင်းမထွက်မီ ၀ယ်ယူကာ Program Form များဖြည့်သွင်းထားရမှာ ဖြစ်ပြီးအဆိုပါ Customer များထဲမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်တာပဲ ဖြစ်ပါတယ်။ Form များကိုလည်း မြန်မာတစ်နိုင်ငံလုံးမှ ကွန်ပျူတာအရောင်းဆိုင်များမှာ အလွယ်တကူရယူ ဖြည့်သွင်းကာ ပါ၀င်ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။ နောင်လာမယ့် အစီအစဉ်များမှာလည်း ကျောင်းသားကျောင်းသူတွေအနေနဲ့ ဈေးနှုန်းချိုသာပြီး Quality ကောင်းတဲ့ Acer Notebook များကို ၀ယ်ယူအသုံးပြုပြီး ပါ၀င်ဆင်နွှဲနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

အခမ်းအနားသို့ တက်ရောက်လာသူများအား တွေ့ရစဉ်

အခမ်းအနားသို့ တက်ရောက်လာသူများအား တွေ့ရစဉ်

အခမ်းအနားတွင် ချီးမြှင့်မည့် ဆုများကိုတွေ့ရစဉ်

အခမ်းအနားတွင် ချီးမြှင့်မည့် ဆုများကိုတွေ့ရစဉ်

Leave a Reply

Your email address will not be published. Required fields are marked *