News

စာရးဆရာ မင်းဒင်၏ “ရာဇဝင်ထဲမှာ ဘူးသီးတွေကို ထားရစ်ခဲ့” စာအုပ် မိတ်ဆက်

ဂျာနယ်များ၊ သတင်းစာများတွင် ပါရှိခဲ့သော စာရေးဆရာ မင်းဒင်၏ သရော်စာများနှင့် အခြားလက်စမ်းစာများ စုစည်း ရေးသားထားသော “ရာဇဝင်ထဲမှာ ဘူးသီးတွေကို ထားရစ်ခဲ့”စာအုပ် မိတ်ဆက်ပွဲကို အောက်တိုဘာ ၁ရက် မွန်းလွဲ ၁နာရီက မဟာဗန္ဓုလလမ်းရှိ Orchid Hotel၌ ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားတွင် စာရေးဆရာ မင်းဒင်ကိုယ်စား တက္ကသိုလ်စိန်တင်က အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ စာအုပ်တွင် ဆောင်းပါး ၂၈ပုဒ် ပါဝင်ပြီး ထိုင်းနိုင်ငံတွင် နေထိုင်လုပ်ကိုင်နေသော မြန်မာ အလုပ်သမားတို့၏ လူမှုဘဝကို ရေးသားထားခြင်း ဖြစ်ကြောင်း သိရသည်။
“သူက မြန်မာတွေ နိုင်ငံခြားမှာ ဆင်းရဲမွဲတေစွာနဲ့ ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝကို မကျေမနပ်ဖြစ်လို့ ဒီစာအုပ်ကို ရေးတယ်လို့ ဆရာယူဆတယ်။ မြန်မာတွေ ထိုင်းနိုင်ငံမှာ အနှိမ်ခံနေရတယ်။ တို့တစ်တွေဟာ ဒီလိုပဲ နေရတော့မှာလား ဆိုတဲ့ မခံချင်စိတ်နဲ့ ရေးတယ်လို့ ဆရာမြင်ပါတယ်”ဟု စာရေးဆရာ တက္ကသိုလ် စိန်တင်က ယင်းစာအုပ်အပေါ် သုံးသပ် ပြောကြားခဲ့သည်။

အဆိုပါ စာအုပ်ထုတ်ဝေရခြင်းနှင့် ပတ်သက်၍ “ဆရာက အမကို မြန်မာနိုင်ငံပြန်ရောက်တိုင်း သူ့စာအုပ်လေးကို ထုတ်ပေးပါဆိုပြီး အကူအညီတောင်းတယ်။ အဲဒါကြောင့်မို့ ထုတ်ပေးဖြစ်တာပါ”ဟု သက်ခိုင်စာပေမှ ထုတ်ဝေသူ ဒေါ်စိန်းစိန်းက ပြောကြားသည်။
“ရာဇဝင်ထဲမှာ ဘူးသီးတွေကို ထားရစ်ခဲ့”စာအုပ်သည် စာရေးဆရာ မင်းဒင်၏ တတိယမြောက် စာအုပ်ဖြစ်ပြီး ၂၀၁၃ခုနှစ် ဧပြီလက “မင်းဒင်ရဲ့ သက်ခိုင်”၊ မေလတွင် “ဖြစ်ပျက်ရှာပုံတော်ခရီးသည်”စာအုပ်များ ထွက်ရှိခဲ့ပြီး ဖြစ်ကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *