News

ကမ္ဘာ့ကံအဆိုးဆုံးနဲ့ ကံအကောင်းဆုံး လူသား…

ခရိုအေးရှားနိုင်ငံမှ ဂီတသင်တန်းဆရာ ဖရန့်စ်ဆီလက် ( ၁၉၂၉ ခုနှစ်ဖွား ) ဟာ အိမ်ထောင်လေးဆက်ကျခဲ့ပြီး သူငယ်ချင်းများက သူ့ကို ဖိုးကံကောင်း လို့ခေါ် ကြပါတယ်…( မိန်းမလေးခါယူလို့တင်မဟုတ်ပါဘူး…)

frank_01

သူ့ရဲ့သေမင်းကိုအကြိမ်ကြိမ်ပျက်ရယ်ပြု လှည့်စားခဲ့တဲ့ဖြစ်ရပ်တွေထဲက ပထမဦးဆုံး အဖြစ်အပျက်ကတော့ ၁၉၆၂ ခုနှစ်၊ ဇန်န၀ါရီလရဲ့အေးချမ်းတဲ့နေ့ရက်တစ်ခုမှာ ဆီလက် ဟာ ဒူဘရိုနစ် မြို့သို့ရထားဆီးလာခဲ့တဲ့ အချိန်ဖြစ်ပါတယ်….ရုတ်တရက်ပဲ သူစီးလာတဲ့ရထား ကြီးဟာ ရေခဲတမျှအေးခဲနေတဲ့မြစ်ထဲသို့ လမ်းချော်ကျတိမ်းမှောက်သွားခဲ့ပါတော့ တယ်…

ခရီးသည်ပေါင်း ၁၇ ယောက်သေဆုံးခဲ့ပြီး ဆီလက်ကတော့လက်ကျိုးရုံ၊ ပွန်းပဲ့ထိခိုက်ရုံသာ ဖြစ်ပြီး အသက်မသေခဲ့ပါဘူး….

frank_02

ထိုမှနောက်တစ်နှစ်အကြာမှာတော့ဆီလက်ဟာ ဇာဂရက်မှ ရီဂျက်ကာသို့လေယာဉ်ဖြင့် သွားရောက်ခဲ့ပါတယ်…သူစီးလာတဲ့ လေယာဉ်ဟာ လေယာဉ်မှူးအခန်းမှ တံခါးပွင့်ထွက် သွားခဲ့ပြီး သူလည်း လေယာဉ်ပေါ်မှ လွင့်စဉ်ကျသွားခဲ့ ပါတယ်…ထိုအဖြစ်အပျက် ကြောင့်လူပေါင်း ၁၉ ဦးသေဆုံးခဲ့ပေမယ့် ဆီလက်ကတော့ကောက်ရိုးပုံကြီးတစ်ခုပေါ် ပြုတ်ကျခဲ့လို့ ကံကောင်းထောက်မပြီး ဒါဏ်ရာအနည်းငယ်သာရကာ ဆေးရုံမှာ ရက်အ နည်းငယ်သာ သတိလစ်မေ့မြောနေခဲ့ တာပဲဖြစ်ခဲ့ ပါတယ်…

frank_03

သူ့ရဲ့တတိယအကြိမ်မြောက် သေကံမရောက်သက်မပျောက်ဖြစ်ရပ်ကတော့၁၉၆၆ ခုနှစ်မှာ သူဟာဘတ်စ်ကားတစ်စင်းဖြင့် ခရီးသွားနေစဉ် ယာဉ်တိုက်မှုဖြစ်ပြီး ဘတ်စ်ကားကြီးမြစ်ထဲ ထိုးကျသွားခဲ့ပါတယ်… လူ ၄ ဦးသေဆုံးခဲ့ပြီး သူကတော့ ထိခိုက်ဒါဏ်ရာမရပဲ အသက် ဘေးကလွတ်မြောက်ခဲ့ပြန်ပါတယ်…

frank_04

၁၉၇၀ တွင်တော့ ဆီလက်တစ်ယောက်ကားမောင်းနေစဉ် ရုတ်တစ်ရက်ကားမီးထလောင် ခဲ့ပါတယ်…ကံကောင်းထောက်မစွာပဲ သူဟာ ကားဆီတိုင်ကီမပေါက်ကွဲခင် ကားထဲမှ ထွက်နိုင်ခဲ့ပါတယ်… ၃ နှစ်ကျော်ကြာပြီးနောက် ဆီလက်မောင်းတဲ့ကားပဲ မီးထလောင်ခဲ့ပြန်ပါတယ်…ဒီတစ်ခါတော့သူ့ခေါင်းကဆံပင်တွေအားလုံးနီးပါးမီးလောင်ခံခဲ့ ရပါတယ်…လူကတော့ အသက်ဘေးကလွတ်မြောက်ခဲ့ပြန်ပါတယ်…

frank_05

၎င်းနောက် နှစ်ပေါင်း ၂၀ ကြာဘာမျှမဖြစ်ပဲနေခဲ့ပြီးနောက် ၁၉၉၅ ခုနှစ်တွင် သူဟာ ဇာဂရက်မြို့ မှာ ဘတ်စ်ကားတစ်စင်း အတိုက်ခံခဲ့ရပေမယ့် ဒါဏ်ရာအနည်းငယ်မျှသာရရှိခဲ့ပါတယ်… နောက်နှစ်မှာတော့တောင်ပေါ်လမ်းတစ်ခုမှာ ကားမောင်းနေစဉ် မျက်နှာချင်းဆိုင်မှလာနေသည့် ကုန်တင်ကားအားရှောင်ယင်းလမ်းဘေး တွင်ကာထားသည့် သံတန်းအတားအဆီးကိုတိုက်ကာ ကားကတောင်အောက် ပေ ၃၀၀ သို့ကျကာ မီးလောင်သွားခဲ့ပြီး သူကတော့ သစ်ပင်တစ်ပင်ပေါ်မှာတင်ကျန်နေခဲ့ပါတယ်…

frank_06

၂၀၀၃ ခုနှစ်မှာတော့ အံ့သြစရာကောင်းလှစွာပင် ဆီလက်ဟာ ခရိုအေးရှားထီ တစ်သန်းဆု ပေါက်ပြီး ကမ္ဘာ့ကံအဆိုးဆုံးနဲ့ ကံအကောင်းဆုံး လူသားဖြစ်ခဲ့ပါတယ်…

ကံတရားကား ဆန်းကြယ်ပေစွ တကား….

Leave a Reply

Your email address will not be published. Required fields are marked *