News

မွတ်စလင်နိုင်ငံများရှိ မြို့ ၁၉မြို့တွင် အမေရိကန်သံရုံးများ ဆက်ပိတ်ထားဦးမည်

မွတ်စလင် ကမ္ဘာရှိ မြို့ ၁၉မြို့တွင် အမေရိကန်သံရုံးများကို အနည်းဆုံး ယခုသီတင်းပတ်ကုန်အထိ ဆက်ပိတ်ထားမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်ဟု သိရသည်။ ယခုကဲ့သို့ သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများကို ဆက်ပိတ်ထားခြင်းမှာ ခြိမ်းခြောက်မှု အသစ်များ ထပ်မံ ရရှိသဖြင့် လုပ်ဆောင်ခြင်း မဟုတ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ဂျင်ဆာကီက ပြောကြားခဲ့သည်။

ထိုကဲ့သို့ သံရုံးများ ဆက်ပိတ်ထားရခြင်းမှာ အဆိုပါ ရုံးဝန်ထမ်းများ၊ ဒေသခံဝန်ထမ်းများ၊ ဧည့်သည်များကို ကာကွယ်ပေးနိုင်ရန်အတွက် သင့်လျော်သော လုပ်ရပ်များကို လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အီဂျစ်၊ ဂျော်ဒန်၊ လစ်ဗျား၊ ယီမင်၊ ဆော်ဒီအာရေဗျ၊ ကူဝိတ်တို့ အပါအဝင် နိုင်ငံအချို့ရှိ သံရုံးနှင့် ကောင်စစ်ဝန်ရုံးများကို သြဂုတ် ၁၀ရက်နေ့အထိ ဆက်ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မာဒါဂတ်စကာ၊ ဘူရွန်ဒီ၊ ရဝမ်ဒါနှင့် မောရစ်သျှ စသည့် အာဖရိက လေးနိုင်ငံမှ မြို့များရှိ သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများကို ပိတ်ပစ်လိုက်သည့် စာရင်းတွင် သြဂုတ် ၄ရက်နေ့၌ ထပ်မံ ထည့်သွင်းခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် အာဖဂန်မြို့တော် ကဘူးနှင့် အီရတ်မြို့တော် ဘဂ္ဂဒက်တို့ အပါအဝင် နေရာအချို့ရှိ သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများကို သြဂုတ်လ ၅ရက်နေ့တွင် ပြန်ဖွင့်ရန် အမေရိကန် အစိုးရက ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
Source: AFP

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *