News

BRTကားများ ထူးမခြားနားဟု ဆို

BRT

ရန်ကုန်မြို့တွင်း ခရီးသည်များအတွက် အမြန်ယာဉ်စနစ် (Bus Rapid Transist – BRT)ဖြင့် ပြောင်းလဲ ပြေးဆွဲရန် ရောက်ရှိနေသည့် ကားများမှာ လက်ရှိ အများပြည်သူများ စီးနင်းနေကြသော သာမန်ယာဉ်မျိုးသာ ဖြစ်ကြောင်း၊ ပုဂ္ဂလိက ယာဉ်ပိုင်ရှင် အများစုက ဝေဖန်ပြောကြားလျက် ရှိသည်ဟု သိရသည်။

ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်၍ ရန်ကုန်မြို့သို့ ရောက်ရှိနေပြီဖြစ်သည့် BRT စနစ်ဖြင့် ပြေးဆွဲမည့် ယာဉ်များမှာ နိုင်ငံတကာတွင် သုံးစွဲနေကြသည့် မော်တော်ယာဉ်များကဲ့သို့ မော်ဒယ်လ်အမြင့်များ မဟုတ်ပဲ ပြည်တွင်း၌ လက်ရှိပြေးဆွဲနေသည့် ယာဉ်ပုံစံအတိုင်းသာ ဖြစ်နေသည့်အတွက် ယခုကဲ့သို့ ဝေဖန်ပြောဆိုနေကြခြင်း ဖြစ်ကြောင်း သိရသည်။

“မြန်မာပြည်မှာ BRT စနစ်အတွက် သုံးမှာက အခုပြေးဆွဲနေတဲ့ မေတ္တာလှိုင်းတို့မှာ ပြေးဆွဲနေတဲ့ ကိုရီးယားက သွင်းတဲ့ ဟွန်ဒိုင်းကားကိုပဲ သုံးမှာ။ BRTအမည်ခံပြီးတော့ ကုမ္ပဏီနဲ့ ပေါင်းပြီး ကားခပိုတောင်းတဲ့ သဘောဖြစ်နေတယ်”ဟု ၃၉ယာဉ်လိုင်းပိုင်ရှင် ဦးတင်မောင်ထွဋ်က ပြောသည်ဟု ဆိုသည်။

ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ခရီးသည်များအနေဖြင့် ဘတ်စ်ကားများ စီးနင်းရာတွင် အချိန်ကြာမြင့်စွာ စီးနင်းနေရသည့်အတွက် ခရီးသည်များ အချိန်ကုန်သက်သာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။ အဆိုပါ စနစ်ဖြစ်ထွန်းအောင်မြင်စေရန်အတွက် နိုင်ငံတော်မှ လမ်းကြောများ၊ မီးပွိုင့်များ၊ Bus Standများနှင့် လူကူးခုံးကျော် တံတားများ ပြုလုပ်ပေးရန် လိုအပ်သည့်အတွက် မြန်မာနိုင်ငံအတွင်း ယခုနှစ်တွင် ကျင်းပမည့် ဆီးဂိမ်းအမီ ၎င်းစနစ်အောင်မြင်နိုင်မည် မဟုတ်သေးကြောင်း ယာဉ်ပိုင်ရှင်များက ထုတ်ပြပြောဆိုသည်ဟု ဆိုပါသည်။

မထသ ဌာနခွဲ (၆)မှ ၅၀ယာဉ်လိုင်းပိုင်ရှင် ဦးဟန်စိုးက “ကားချင်းအတူတူ လမ်းကြောပါ ရှင်းပေးပြီးတော့ ယာဉ်စီးခ ၃၀၀ သတ်မှတ်ပေးတာ အံ့သြစရာ ဖြစ်နေတယ်။ ကားအမျိုးအစားလည်း တူတယ်။ စက်သုံးဆီသုံး စီအမ်ဂျီလည်း တူတယ်။ ကျွန်တော်တို့ဘက်ကို ၅၀ပေးပြီး ဒီကုမ္ပဏီပိုင်ကားကို ၃၀၀ သတ်မှတ်ပေးပြီးတော့ နားလှည့်ပါးရိုက်လုပ်နေတယ်လို့ မြင်တယ်”ဟု ဆိုသည်။

ယင်းစနစ်ကို အကောင်အထည် ဖော်ပါက ယင်းလိုင်းအတွက် သီးသန့် ယာဉ်ကြောတစ်ခု သတ်မှတ်ပေးရမည် ဖြစ်သည့်အတွက် အဆိုပါ ယာဉ်ကြောတွင် ၎င်းလိုင်းမှအပ အခြားလိုင်းများ ဝင်ရောက်ပြေးဆွဲခွင့် မရှိကြောင်း သိရသည်။ ထို့အတွက် အဆိုပါ ယာဉ်ကြောတွင် ယခင်ပြေးဆွဲနေသည့် ယာဉ်များမှာ တခြား ယာဉ်လိုင်းများသို့ သွားရောက် ပြေးဆွဲရမည်ဖြစ်သောကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများလည်း ယခုထက် ပိုမို များလာနိုင်ကြောင်း အဆိုပါ ယာဉ်ပိုင်ရှင်များက သုံးသပ် ပြောကြားသည်ဟု သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

One thought on “BRTကားများ ထူးမခြားနားဟု ဆို

  1. KST says:

    လမ်ကြောပိုပိတ်တာပဲရှိမယ်….အရင်တုန်းက Air Con Bus စပေါ်ကစလိုပဲဖြစ်မှာပဲ… 1 လပဲခံတယ်…ပီးတော့ ၂၀၀ ပေးပီး Air Con ကမဖွင့်တော့ဘူး

Leave a Reply

Your email address will not be published. Required fields are marked *