Gaming

Batman: The Dark Knight Returns

Batman

Animated Movie ရုပ်ရှင်ဇာတ်ကားသစ် နှစ်ကားဖြစ်တဲ့ Batman: The Dark Knight Returns Part 1 နှင့် Part 2 တို့ဟာ ၁၉၉၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ စာရေးဆရာ Frank Mille ရဲ့ The Dark Knight Returns, The Dark Knight Triumphant, Hunt The Dark Knight နှင့် The Dark Knight Falls အမည်ရ Comic Book လေးအုပ်ကို မှီငြမ်းပြီး Batman: The Dark Knight Returns ရုပ်ရှင်နှစ်ကားအဖြစ် ရေးဆွဲထားခြင်းဖြစ်ကာ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Frank Miller ရဲ့ Comic Book ဇာတ်လမ်းကိုပဲ မှီငြမ်းထားသော Batman: Year One ၏ အဆက်ဖြစ်ပါတယ်။ Frank Miller ရဲ့ The Dark Knight Returns ဟာ Batman ပရိသတ်များကြားမှာ လူကြိုက်အများဆုံး ဇာတ်လမ်းတစ်ခုဖြစ်သလို Director Christopher Nolan ရဲ့The Dark Knight Trilogy ရုပ်ရှင်ဇာတ်ကားတွေမှာလည်း The Dark Knight Returns ဇာတ်လမ်းမှ အဖြစ်အပျက် အချို့နှင့် Dialogue များကို အနည်းငယ် မှီငြမ်းထားတာ တွေ့ရမှာပါ။ လူသားသရုပ်ဆောင်တွေနှင့် ရိုက်ကူးတဲ့ Batman Live Action ရုပ်ရှင် အားလုံးနီးပါးကတော့ Comic Book ဇာတ်လမ်း အပြည့်တစ်ခုလုံးကို ယူမသုံးထားဘဲ သီးသန့်ဇာတ်လမ်းပုံစံဖြင့် တင်ဆက်ထားလေ့ ရှိပေမည့် The Dark Knight Returns ရုပ်ရှင်နှစ်ကားကတော့ Frank Miller ရဲ့ DKR Comic Book အစအဆုံးကို တိုက်ရိုက် မှီငြမ်းထားခြင်း ဖြစ်ပါတယ်။

Batman: The Dark Knight Returns ဇာတ်လမ်းဟာ အနာဂတ်အချိန် ကမ္ဘာပေါ်မှာ Superhero တွေ မရှိသလောက်ဖြစ်နေတဲ့အချိန်မှာ နေရာယူထားပြီး ဒုစရိုက်သမားနှင့် အကြမ်းဖက်မှုတွေ ပေါများနေတဲ့ Gotham မြို့မှာ နေရာယူထားပါတယ်။ အခြားကမ်ဘာမှ Superhero အများစုလည်း ကမ်ဘာမြေမှာ မရှိတော့သလို Superman ဟာလည်း American အစိုးရရဲ့ စေခိုင်းမှုကြောင့် American နှင့် Russia နိုင်ငံကြားရှိ တိုက်ပွဲများမှာ ဝင်ရောက်တိုက်ခိုက်နေချိန်ပါ။ အသက် (၅၅) နှစ်ရှိပြီဖြစ်တဲ့ Bruce Wayne ကတော့ သူ့ရဲ့တွဲဖက်ဖြစ်တဲ့ ဒုတိယမြောက် Robin ဖြစ်သူ၊ Jason Todd သေဆုံးပြီးတဲ့နောက်မှာတော့ Batman အဖြစ်မှ နှစ်ပေါင်းများစွာ အနားယူနေပြီး ဖြစ်ပေမည့် Mutant Gang အမည်ရ Gotham တစ်မြို့လုံးအား အပိုင်ဆီးရန် ကြံစည်နေတဲ့ လူဆိုးဂိုဏ်းနှင့် အချုပ်သက်တမ်းပြည့်ပြီး အာမခံချက်ဖြင့် Arkham Asylum အကျဉ်းထောင်မှ လွတ်မြောက်လာသူ Two Face/ Harvey Dent တို့ကြောင့် Bruce Wayne အနေဖြင့် Batman အသွင်ပြောင်းကာ ရန်သူများကို ပြန်လည်တိုက်ခိုက်ပုံဖြင့် The Dark Knight Returns Part 1 ကို ဇာတ်လမ်းဆင်ထားပါတယ်။ The Dark Knight Returns Part 2 မှာတော့ Part 1 မှာ မပါဝင်သေးတဲ့ Batman ရဲ့ရန်သူတော် The Joker ပါဝင်လာမှာဖြစ်သလို Batman နှင့် Superman တို့၏ တိုက်ပွဲများကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

The Dark Knight Returns ရဲ့ အဓိက ထူးခြားချက်ကတော့ အနာဂတ်မှာ နေရာယူထားတဲ့အတိုင်း ပရိသတ် ရင်းနှီးပြီးသား Bruce Wayne (Batman) ၊ Selena Kyle (Cat Woman) နှင့် Jim Gordon အစရှိတဲ့ ဇာတ်ကောင်တွေကို အသက် (၅၀) ကျော် လူကြီးများအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ Mutant Gang လက်မှ Batman ၏ ကယ်တင်ခြင်းခံထားရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်တဲ့ Carrie Kelley ကို Batman ၏ တွဲဖက် Robin အဖြစ် မြင်တွေ့ရမှာပါ။ The Dark Knight Returns မှာ Batman ဟာ အသက်ကြီးပြီး အရင်လောက် အားစိုက်ပြီး မတိုက်ခိုက်နိုင်တော့တဲ့အတွက် လက်နက်မျိုးစုံ၊ ယာဉ်မျိုးစုံကို ဦးစားပေးအသုံးပြုတာ မြင်ရပေမယ့် Batman ရဲ့Hand to Hand Combat တိုက်ခိုက်မှုတွေကိုလည်း မြင်တွေ့ရမှာပါ။ Animation Quality အနေနှင့်လှုပ်ရှားမှု Movement ပိုင်း အလွန်ကောင်းမွန်တာ တွေ့ရပါတယ်။ ထူးခြားတဲ့ စွမ်းအင်တွေ အသုံးပြုတဲ့ ရန်သူတွေ မပါဝင်ဘဲ သဘာဝကျပြီး ရက်စက်တဲ့ Villain ဇာတ်ကောင်တွေ ပါဝင်သလို ဇာတ်လမ်းပိုင်းနှင့် တင်ဆက်ပုံ အထူးကောင်းမွန်တဲ့အတွက် Batman ပရိသတ်များရော၊ ဇာတ်လမ်းကောင်းနှစ်သက်တဲ့ Action ပရိသတ်အားလုံးပါ သဘောကျမှာ ဖြစ်ပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *