ချမ်းသာကြွယ်၀တဲ့ လုပ်ငန်းရှင်၊ လူသားတွေ ကောင်းကျိုးအတွက် လှူဒါန်း စွန့်ကြဲသူတစ်ယောက် ဖြစ်တဲ့အပြင် စာရေးဆရာလည်းဖြစ်၊ ကမ္ဘာကျော် မိုက်ခရိုဆော့ဖ် ကုမ္ပဏီရဲ့ Chairman ဖြစ်သူ ဘီလ်ဂိတ်နဲ့ ဇနီးတို့ တည်ထောင်ထားတဲ့ Foundation ၀က်ဘ်ဆိုက်ပါ။ “သက်ရှိတိုင်း၊ လူသားတိုင်း တူညီတဲ့ တန်ဖိုးတွေ ရှိပါတယ်”လို့ ဘီလ်က ဆိုပါတယ်။ ဒီ၀က်ဘ်ဆိုက်မှာ Foundationနဲ့ ပတ်သက်တဲ့ ဘီလ်ရဲ့ ပြောကြားချက်တွေ၊ အစီရင်ခံစာတွေ၊ ငွေကြေး၊ စည်းမျဉ်း၊ ခေါင်းဆောင်မှု၊ အလုပ်အကိုင်၊ မီဒီယာနဲ့ မိန်းခွန်းတွေကို ဖတ်ရှုရမှာ ဖြစ်ပြီး Global Development Program, Global Health Program စတဲ့ သူ့ရဲ့ မွန်မြတ်တဲ့ စီမံကိန်းတွေကို ဒေသအလိုက် ဖော်ပြပေးထား ပါတယ်။ ပညာရေးအတွက် စကောလားရှစ် အစီအစဉ်တွေမှာလည်း လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
www.gatesfoundation.org
ဘီလ်ဂိတ် ဖောင်ဒေးရှင်း

06
May