Featured, Health, Lifestyle, News, Review

Bill Gatesက မစင်များကနေ သောက်ရေသန့် ထုတ်လုပ်ချင်နေ

Bill Gatesက မစင်များကနေ သောက်ရေသန့် ထုတ်လုပ်ချင်နေ

Omniprocessorဟု ခေါ်သော စက်ရုံကို Janicki Bioenergyက တည်ဆောက်ပေးထားပြီး Bill & Melinda Gates Foundationက ငွေကြေးထောက်ပံ့နေခြင်း ဖြစ်ပါတယ်။ စက်ရုံတွင် ညစ်ညမ်းရေများမှ ရောဂါများဖြစ်ပွားမှုကို ကာကွယ်ရန် ကြိုးစားနေခြင်း ဖြစ်ပါတယ်။

စမ်းသပ်စက်ရုံကို Seattleမြောက်ဘက်ရှိ Janicki၏ ရုံးချုပ်တွင် လည်ပတ်လျှက်ရှိပါတယ်လို့ Bill Gatesရဲ့ ဘလော့ ဆောင်းပါးတစ်ပုဒ်အရ သိရပါတယ်။ ပထမဆုံး လည်ပတ်နေတဲ့ စက်ရုံကို ဆီနီဂေါနိုင်ငံအတွက် ရည်ရွယ်ထားပါတယ်။

“ကျွန်တော်တွေ့ဖူးတာထက် အစွမ်းထက်တဲ့ နောက်မျိုးဆက် သန့်စင်စက်က လူတစ်သိန်းရဲ့ အညစ်အကြေးတွေကနေ တစ်နေ့ကို သောက်ရေသန့် ၈၆ ၀၀၀ လီတာနဲ့ ၂၅၀ ကီလို၀ပ်လျှပ်စစ်ပမာဏကို ထုတ်လုပ်ပေးနိုင်ပါတယ်။ စီမံကိန်းအောင်မြင်မယ်ဆိုရင် ပရဟိတ အလုပ်ဟာ ကိုယ်တိုင် ထောက်ပံ့နိုင်တဲ့ စက်ရုံတစ်ခုကို ဖန်တီးခြင်းဖြင့် လူတော်တွေ ဦးနှောက်စားနေရတဲ့ ငွေကြေးကို ထောက်ပံ့ပေးနိုင်တယ်ဆိုတာ ပြသတဲ့ ဥပမာကောင်းတစ်ခု ဖြစ်လာမှာပါ။“ လို့ Bill Gatesက ပြောပါတယ်။

Bill Gatesက လူ့ မစင်တွေကနေ သန့်စင်ထားတဲ့ သောက်ရေသန့်ကို သောက်ပြတဲ့ ဗီဒီယိုကိုလည်း ပြသခဲ့ပါတယ်။ သူက မစင်ကနေ သန့်စင်ထားတဲ့ ရေဟာ အလွန်အရသာရှိပြီး ရေသန့်ဘူးတွေက အတိုင်းပါပဲလို့ ပြောပါသေးတယ်။

ရေသန့်စင်မှု နည်းပညာနောက်ကွယ်က အင်ဂျင်နီယာနည်းပညာကို လေ့လာပြီး ဖြစ်ပြီး နေ့တိုင်း အဲဒီရေတွေကို ပျော်ရွှင်စွာ သောက်သုံးနေပါတယ်။ အဲဒီလောက်တောင် စိတ်ချရပါတယ်လို့ ပြောပါတယ်။

မစင်တွေကို သောက်ရေသန့်အဖြစ်ပြောင်းလဲဖို့ ၁၀၀၀ ဒီဂရီ ဆယ်လဲဆီးယပ်စ် (၁၈၃၂ ဒီဂရီ ဖာရင်ဟိုက်) အထိ အပူပေးပြီး စိတ်ချရဖို့အတွက် စစ်ဆေးပါသေးတယ်။ ဒါ့အပြင် ခြောက်ခမ်းသွားတဲ့ မစင်တွေဟာ အဲဒီနောက်မှာ လောင်ကျွမ်းသွားပြီး ရေအဖြစ်ပြောင်းလဲပေးဖို့ လိုအပ်တဲ့ လျှပ်စစ်ကို ထုတ်လုပ်ဖို့အတွက် လုံလောက်တဲ့ အပူချိန်ကို ပေးပါသေးတယ်။ ပိုနေတဲ့ လျှပ်စစ်တွေကို ရေသန့်ရောင်းသလိုပဲ အပြင်မှာ ရောင်းချနိုင်ပါသေးတယ်။

Gatesက ကျန်းမာရေး ဗဟုသုတနည်းပါးမှုကြောင့် နှစ်စဉ် ကလေးငယ် ခုနစ်သိန်း သေဆုံးနေကြတယ်လို့ ပြောပါတယ်။ Bill & Melinda Gates Foundationက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကျန်းမာရေး အသိပညာရရှိအောင် ပြုလုပ်နေပါတယ်။

“ဒီနေ့ခေတ်မှာ အညစ်အကြေးစွန့်ပစ်မှုစနစ် မရှိတဲ့ နေရာတော်တော်များများမှာ ထရပ်ကားတွေက အိပ်သာကနေ အညစ်အကြေးတွေကို သယ်ဆောင်သွားပြီး အနီးဆုံး ပင်လယ်၊ မြစ်ချောင်းများထဲမှာ စွန့်ပစ်ကြပါတယ်။ ဒါမှမဟုတ် နည်းပညာ မကောင်းတဲ့ အညစ်အကြေး စွန့်ပစ်ပစ္စည်း စက်ရုံတွေမှာ စွန့်ပစ်ထားကြပါတယ်။ အဲဒါတွေကြောင့်ပဲ အညစ်အကြေးတွေဟာ ရေအရင်းအမြစ်ထဲကို ရောက်ရှိသွားကြပါတော့တယ်။“ လို့ သူက ရေးသားထားပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts