News

အင်တာနက်အသုံးပြုနိုင်မှုများ ခေတ္တပြတ်တောက်မည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်တာနက် အသုံးပြုနိုင်မှုများ ခေတ္တပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် အင်တာနက်အသုံးပြုသူ မိဘပြည်သူများ၏ အင်တာနက် ချိတ်ဆက်အသုံးပြုမှု မြန်ဆန်တည်ငြိမ်မှု ရရှိစေရေးအတွက် ဆက်သွယ်မှုကွန်ရက် တိုးတက်ရေး စီမံကိန်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ စီမံကိန်းအရ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များတွင် ISPနှင့် National Gatewayများ အဆင့်မြှင့်တင်ခြင်း၊ အသစ်တပ်ဆင်ခြင်း လုပ်ငန်းများကို သတင်းအချက်အလက်နှင့် နည်းပညာဌာနနှင့် NTT Communicationsတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့တွင် လက်ရှိ ISP Networkနှင့် ချိတ်ဆက်ထားသော POP များအား အသစ်တပ်ဆင်ပြီးဖြစ်သော ISP Network အသစ်ပေါ်သို့ အောက်ဖော်ပြပါ အချိန်များတွင် ပြောင်းရွှေ့ချိတ်ဆက်ခြင်း လုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ အချိန်များတွင် ပြောင်းရွှေ့ချိတ်ဆက်မည့် POP ဧရိယာအတွင်းရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်တာနက် အသုံးပြုနိုင်မှုများ ခေတ္တ ပြတ်တောက်မည်ဖြစ်ကြောင်း အသိပေး တင်ပြထားပါသည်။

စဉ်          ရက်စွဲ                           အချိန်                                                   POP အမည်                  ပြတ်တောက်ချိန်

၁             ၅-၁၀-၂၀၁၃                ၁၂း၀၀နာရီမှ ၁၂း၁၅နာရီအထိ              ဟံသာ၀တီ POP            ၁၅မိနစ်

၂              ၈-၁၀-၂၀၁၃                ၁၂း၀၀နာရီမှ ၁၂း၁၅နာရီအထိ              မိုဘိုင်း POP                   ၁၅မိနစ်
၂              ၈-၁၀-၂၀၁၃                ၁၂း၁၅နာရီမှ ၁၂း၃၀နာရီအထိ              မရမ်းကုန်း POP             ၁၅မိနစ်
၂              ၈-၁၀-၂၀၁၃                 ၁၂း၃၀နာရီမှ ၁၂း၄၅နာရီအထိ              မောင်ထော်လေး POP    ၁၅မိနစ်

၃            ၉-၁၀-၂၀၁၃                  ၁၂း၀၀နာရီမှ ၁၂း၁၅နာရီအထိ              MICT POP                   ၁၅မိနစ်

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

10 thoughts on “အင်တာနက်အသုံးပြုနိုင်မှုများ ခေတ္တပြတ်တောက်မည်

  1. Why??what day??how long??

  2. Shady Acid says:

    ခနခနပျက်နေတာပဲ ခေတ္တခဏပျက်တောက်မှာကို ခွင့်လာတိုင်နေတယ်

  3. အမြဲတမ်း ပြတ်တောက်နေဒါများ.. ကြေငြာနေသေးတယ်.. အံ့

  4. ဒီထက် ၁၀ ဆပိုမြန်လာမယ်ဆိုရင်တော့ ၁နာရီလောက်ပြတ်လည်းပြတ်ကျိုးနှပ်ပါတယ်

  5. ဟုတ်တယ်ဗျာကြီးကြီးကျယ်ကျယ်လာလုပ်နေသေးတယ်အပိုတွေပြောမနေတဲ့နဂိုကတည်းကမကောင်းတဲ့လိုင်းကို

  6. Wai Lin says:

    အန် အရင်ကလည်းကောင်းလို့လား

  7. ဒါဆို စက်ဝိုင်းလေး မလည်တော့ဘူးပေါ့…..

  8. Phoe Tpzt says:

    လိုင်းတက် အား နည်းနည်း လေး တ ချို့ ရက် တွေဆိုဘယ် မှကိုတက် လို့ မရဘူး
    ဘယ်တော့ မှလဲ လိုင်းကောင်း မှာမဟုတ်ဘူး

Leave a Reply

Your email address will not be published. Required fields are marked *