News

Audi က ကားတွင်တပ်ဆင်အသုံးပြုနိုင်မယ့် Android Tablet ကို ထုတ်ဖော်ပြသ

ဂျာမန် ကားထုတ်လုပ်သူ Audi က ကားတွင်တပ်ဆင်အသုံးပြုနိုင်မယ့် တက်ဘလက် ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ Audi Smart Display လို့နာမည်ပေးထားပြီး ကားရဲ့ System နဲ့ WiFi ကို အသုံးပြုပြီးချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ ကားစီးနင်းသူများက ကားရဲ့ LTE Connection ကို အသုံးပြုပြီး  ရေဒီယို ကို ထိန်းချုပ်နိုင်မယ့် အပြင် အင်တာနက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ LTE အသုံးပြုဖို့ AT&T နဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ Audi  ကကြေညာလိုက်ပါတယ်။

တက်ဘလက် က ၁၀.၂ လက်မအရွယ် Display တပ်ဆင်ထားပါတယ်။ တောက်ပြောင်တဲ့ အလူမီနီယမ် နဲ့ ကာရံထားပါတယ်။ တုန်ခါမှုကိုခံနိုင်ရည်ရှိအောင်ပြုလုပ်ထားပြီး အလွန်အေးတဲ့ အခြေအနေမှာတောင် အသုံးပြုနိုင်ပါတယ်။ အလွန်ပူတဲ့ အခြေအနေကိုလည်း ခံနိုင်ရည်ရှိပြီး 80 Degree Celsius (176 Degree Fahrenheit) အထိ ခံနိုင်ရည်ရှိပါတယ်။ တက်ဘလက်မှာ Nvidia Tegra T40 Processor တပ်ဆင်ထားတဲ့အတွက် စွမ်းဆောင်ရည်ကောင်းမွန်ပါတယ်။ Google Play အသုံးပြုနိုင်ပြီး Android Apps များစွာအသုံးပြုနိုင်ပါတယ်။

တက်ဘလက်ကို ဘယ်အချိန်မှာရောင်းချမလဲဆိုတာ ကိုတော့မသိရသေးသလို Android OS Version ကို အသုံးပြုထားလဲ ဆိုတာကိုလည်း Audi က ပြောကြားခြင်းမရှိပါ။ Audi က အဆိုပါကြေညာချက်ကို Las Vegas မှာ ကျင်းပပြုလုပ်နေတဲ့ Consumer Electronics Show မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *