News

Samsung Galaxy Note 3 Neo လာမည်

Samsung က စွမ်းဆောင်ရည်မြင့် Phablet ဖြစ်တဲ့ Note 3 ကို ထုတ်လုပ်ရောင်းချပေးနေပေမယ့် ဈေးနှုန်းကြီးမြင့်မှုကြောင့် လူအများ အသုံးပြုနိုင်ခြင်းမရှိပါဘူး။ Note 3 ကို ဈေးသက်သာအောင်ပြုလုပ်ပေးထားတဲ့ Note 3 Neo ဖုန်းရဲ့ ဓာတ်ပုံတွေနဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာပါတယ်။

Neo မှာ  5.55 လက်မ 720p Super AMOLED Display တပ်ဆင်ထားပါတယ်။ 8MP Camera, 3100mAh Battery , RAM 2GB, 16GB Storage ပါရှိပါတယ်။ စိတ်၀င်စားစရာကောင်းတာက 1.7GHz dual + 1.3GHz quad-core (Hexa) processor  ကို အသုံးပြုထားတာဖြစ်လို့ Core ခြောက်လုံးသုံးထားပါတယ်။ Note 2 ရဲ့ 1.6GHz Quad-Core Exynos ထက်တော့ပိုမိုကောင်းမွန် ပါတယ်။ အခုလက်ရှိမှာ စွမ်းဆောင်ရည်မြင့်ဖုန်းတွေမှာ အသုံးပြုနေကြတဲ့ Snapdragon 600 နဲ့ 800 ဖုန်းတွေနဲ့ ယှဉ်ရင်တော့ ဘယ်သူက စွမ်းဆောင်ရည်ပိုကောင်းလဲဆိုတာ မသိရသေးပါဘူး။

Cores တွေအများကြီးကို တစ်ပြိုင်နက် အလုပ်လုပ်စေနိုင်တဲ့ Samsung ရဲ့ HMP နည်းပညာကို အသုံးပြုထားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ Note 3 လိုပဲ အနောက်ဘက် မျက်နှာပြင်ကို Leatherနဲ့ချုပ်လုပ်ထားသလို ထင်ရအောင်ပြုလုပ်ထားပါတယ်။ ချုပ်ရာတွေကို တွေ့မြင်ရပေမယ့် အတုတွေဖြစ်ပြီး ပလတ်စတစ်နဲ့ ဖုံးအုပ်ထားတာဖြစ်ပါတယ်။ Note 3 နဲ့ S4  ရဲ့ Smart Features တွေဖြစ်တဲ့ Air Command , Advanced Multi Window တွေပါရှိပါတယ်။

ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ Neo ဟာ Note 3 နဲ့ အတော်လေး ဆင်တူပါတယ်။ ကင်မရာကိုတော့အနည်းငယ် ပြောင်းရွှေ့တင်ဆင်ထားပါတယ်။ USB 3.0 Port မပါတော့ဘဲ USB 2.0 နဲ့ အစားထိုးထားပါတယ်။ စွမ်းဆောင်ရည်ကို စမ်းသပ်ထားတဲ့ Benchmark ရလဒ်တွေလည်း ထွက်ပေါ်လာပြီး စိတ်၀င်စားစရာကောင်းပါတယ်။ Core ခြောက်လုံးအသုံးပြုထားပြီး 1.7GHz နှုန်းလည်ပတ်နိုင်တဲ့  စွမ်းဆောင်ရည်မြင့် Cortex-A15 အမျိုးအစား နှစ်လုံးသုံးထားပါတယ်။  1.3GHz နှုန်းလည်ပတ်နိုင်တဲ့ Core လေးလုံး တပ်ဆင်ထားပြီး Cortex A7 အမျိုးအစားဖြစ်ပါတယ်။

Samsung Galaxy Note 3 Neo ကို ဖေဖော်ဝါရီ မှာ ဘာစီလိုနာ တွင်ပြုလုပ်မယ့် Mobile World Congress မှာ ပြသမယ်လို့ မျှော်လင့်ရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *