News

CES ပွဲမှ LG ရဲ့ ထူးခြားဆန်းပြားတဲ့ နည်းပညာထုတ်ကုန်များ

အမေရိကန် ပြည်ထောင်စု Las Vegas မှာ ကျင်းပပြုလုပ်နေတဲ့ Consumer Electronics Show မှာ နည်းပညာ Company တွေက သူတို့ရဲ့ နည်းပညာ ထုတ်ကုန် တွေကို အပြိုင်အဆိုင်ပြသလေ့ရှိကြပါတယ်။ နာမည်ကြီး နည်းပညာ Company တွေထဲက တစ်ခုဖြစ်တဲ့ LG ကလည်း 4K TV တွေ၊ ကွေးကောက်နိုင်တဲ့ TV တွေ၊ WebOS TV ၊ ကျန်းမာရေးလက်ကောက် ၊ HomeChat လို့နာမည်ပေးထားတဲ့ စမတ်အိမ်သုံးပစ္စည်းတွေ အပါအ၀င် အခြား ဆန်းသစ်တဲ့ နည်းပညာ ထုတ်ကုန်တွေကို ပြသခဲ့ပါတယ်။

၁၀၅ လက်မ မျက်နှာပြင်ကွေး TV
LG က ပြသခဲ့တဲ့ ဆန်းသစ်တဲ့ နည်းပညာမြင့် ထုတ်ကုန် တွေထဲက တစ်ခုက 105 လက်မ ကွေးကောက်မျက်နှာပြင် Ultra HD TV ဖြစ်ပြီး 21:9 Cinema Aspect Ratio ဖြစ်ပါတယ်။ 5120×2160 Pixel Resolution Display ကို အသုံးပြုထားပါတယ်။ အထင်ကြီးလေးစားစရာကောင်းပေမယ့် သာမာန်အိမ်တွေမှာ အသုံးပြုဖို့အတွက် ကျယ်ပြန့်တဲ့ အခန်းရှိမှ အဆင်ပြေမှာဖြစ်ပါတယ်။ LG က အဆိုပါ TV ကို တကယ်ထုတ်လုပ်ရောင်းချမလား ဒါမှမဟုတ် လူတွေအံ့ဩအောင်ထုတ်ဖော်ပြသတာလားဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။
2

WebOS TV
CES မှာ ပြသတဲ့နောက်ထပ် TV က WebOS Operating System ကို အသုံးပြုထားတာဖြစ်ပြီး အဆိုပါ OS ကို LG က HP ထံမှ၀ယ်ယူထားတာဖြစ်ပါတယ်။ WebOS က သာမာန် စမတ်တီဗီ တွေမှာ မရရှိနိုင်တဲ့ အတွေ့အကြုံဆန်းတွကို ရရှိနိုင်တယ်လို့ ဆိုပါတယ်။ WebOS TV ကို စတင်အသုံးပြုရင် BeanBird လို့နာမည်ပေးထားတဲ့ လှုပ်ရှားနေတဲ့ ငှက်ကလေးကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Remote ကို လှုပ်ခါလိုက်ရင် ငှက်ကလေး က Internet နဲ့ ချိတ်ဆက်ဖို့ ညွှန်ကြားပြသပေးပါလိမ့်မယ်။ အခြား စမတ်တီဗီ တွေလို မျက်နှာပြင် တစ်ခုလုံးမှာ Apps တွေနဲ့ ပြည့်နေတာ မဟုတ်ဘဲ App Launcher ကို မျက်နှာပြင်ရဲ့ အောက်ခြေမှာ Card Style နဲ့ ပြသပေးထားပါတယ်။
3

Lifeband Touch and Heart Rate Earphones
CES မှာ Company တော်တော်များများက ကျန်းမာကြံ့ခိုင်ရေး အတွက် အသုံး၀င်တဲ့ စမတ်လက်ကောက် ကို ပြသခဲ့သလို LG ကလည်း သူ့ကိုယ်ပိုင် စမတ်လက်ကောက်ကို ပြသခဲ့ပါတယ်။Lifeband Touch လို့နာမည်ပေးထားပြီး သူ့ရဲ့ Accessory ဖြစ်တဲ့ Heart Rate Earphones ကိုပါပြသခဲ့ပါတယ်။ Lifeband မှာ Touch အသုံးပြုနိုင်တဲ့ OLED မျက်နှာပြင်ပါရှိပြီး အချိန်ကိုဖော်ပြပေးနိုင်ပါတယ်။ ဒါ့အပြင် လက်ကောက်ကို စမတ်ဖုန်း ဖြင့် Bluetooth မှ တစ်ဆင့် ချိတ်ဆက်နိုင်ပြီး Message, Phone Call ၀င်လာရင် အသိပေးနိုင်ပါတယ်။ လက်ကောက်မှာ ထည့်သွင်းထားတဲ့ LG Fitness App ကနေ ခြေလှမ်းတွေ၊ ကယ်လိုရီလောင်ကျွမ်းမှုတွေ စတဲ့ ကိုယ်လက်လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သိနိုင်ပါတယ်။ လက်ကောက်မှာ MyFitnessPal , Runkeeper , MapMyFitness စတဲ့ Fitness App တွေကို အသုံးပြုနိုင်ပါတယ်။
4

၇၇ လက်မ ကွေးကောက်နိုင်တဲ့ OLED TV
နာမည်ကြီး တီဗီ ထုတ်လုပ်သူတွေဟာ ကွေးကောက် တီဗီ တွေကို လာမယ့် နှစ်များမှာ ထုတ်လုပ်ရောင်းချတော့မှာ သေချာပါတယ်။ LG က ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ Flatscreen ကနေ ကွေးကောက်နိုင်တဲ့ တီဗီ ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ Samsung က လည်း အဆိုပါ တီဗီ ကဲ့သို့ စွမ်းဆောင်နိုင်တဲ့ သူ့ရဲ့ ၇၇ လက်မ OLED TV ကို ပြသတယ်လို့ သိရပါတယ်။ Samsung ရဲ့ တီဗီ ကလည်း 4K ဖြစ်ပါတယ်။ Samsung က အဆိုပါ တီဗီ ကို ဒီနှစ် ဒါမှမဟုတ် နောက်နှစ်အစောပိုင်းမှာ ရောင်းချမယ်လို့ ကြေညာထားပြီး LG ကတော့ ကြေညာခြင်းမရှိသေးပါဘူး။ ဈေးနှုန်းတွေကိုတော့ မသိရသေးပါဘူး။
5

Ultra HD TV
LG က ၆၅၊ ၇၉ ၊၈၄ ၊ ၉၈ လက်မ UHD TV တွေကိုလည်း ထုတ်ဖော်ပြသလိုက်ပါတယ်။ 4K TV တွေဖြစ်ပြီး UB9800 Series တွေဟာ အဓိက UHD TV တွေဖြစ်ပါတယ်။ LG ရဲ့ True Ultra HD Engine Pro နည်းပညာ ကို အသုံးပြုထားတာဖြစ်ပါတယ်။ 4K HEVC Decoder ပါရှိပြီး H.264 or H.265 Sources တွေကနေ 4K အရည်အသွေးတွေကို ပြောင်းလဲပေးနိုင်ပါတယ်။
1

LG HomeChat
Products တွေအပြင် LG က HomeChat ၀န်ဆောင်မှုကိုလည်း ကြေညာလိုက်ပါတယ်။ စမတ်အိမ်သုံးပစ္စည်းတွေကို မိုဘိုင်း ကနေ စာပို့ပြီးခိုင်းစေနိုင်တာဖြစ်ပါတယ်။ LG က ၂၀၁၄ မှာ ထုတ်လုပ်မယ့် စမတ်အိမ်သုံးပစ္စည်းတွေဟာ HomeChat ၀န်ဆောင်မှု ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် စမတ်ရေခဲသေတ္တာကို ခရီးသွားတော့မယ်လို့ စာပို့လိုက်ခြင်းဖြင့် ရေခဲသေတ္တာက Power Saving Mode ကိုပြောင်းလဲပေးမှာဖြစ်ပါတယ်။ သန့်ရှင်းရေး ဖုန်စုပ်စက်ရုပ်ကို စာပို့ပြီး ခိုင်းစေနိုင်ပါတယ်။
7

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *