News

ဗေဒင်ချစ်သူများ Myanmmar Horo Android App ထွက်ရှိ

InnoLABမှ ရေးသားသော Myanmar Horo Android appကို ထွက်ရှိလို့ လာပါ တယ်။ အဆိုပါ ဆော့ဖ်ဝဲ ဟာ အသုံးပြုသူ၏ မွေးနေ့ကို ဇာတာဖွဲ့ပေးနိုင်သည့်အပြင် ဇာတာကို အသုံးပြုပြီး နေ့စဉ်၊ အပတ်စဉ် ဟောစာတမ်းများကို အလိုအလျှောက် မိမိ ၏ Android ဖုန်းမှာ ဖတ်နိုင်တဲ့ ဆော့ဖ်၀ဲ ဖြစ်တယ်။ အဆိုပါ ဟောစာတမ်းကို အသုံး ပြုသူဟာ login ၀င်ချိန်တွင် အင်တာနက် ဖွင့်ထားမည်ဆိုလျှင် အင်တာနက်မှ Down -load လုပ်ယူနိုင်ပြီး နောက်ဆုံး ဟောစာ တမ်းကို ရယူရန်အတွက် သုံးရက် တစ်ကြိမ် ခန့် အင်တာနက်တက်ရန် လိုအပ်ပါတယ်။

သင့်ဆီ ရောက်လာမည့် ဟောစာတမ်းများကို ကျွမ်းကျင်ဗေဒ ပညာရှင်များနှင့် ဗေဒင် ပညာရှင်များက အမှန်ကန်ဆုံးဖြစ်အောင် ၀ိုင်း၀န်း ရေးသားထားပြီး နက္ခတ်ဆိုင်ရာ ဖြစ်ရပ်များကို ထောင့်စုံအောင် ထည့်သွင်း စဉ်းစားထားသဖြင့် သာမန်များထက် ပိုမို တိကျမှန်ကန်မှုကို သုံးစွဲသူများအနေနှင့် မြင် တွေ့ခံစားရမည်ဖြစ်ကြောင်း သိရသည်။ InnoLAB အနေနှင့် ပိုမိုမှန်ကန်မှုရှိအောင် အမြဲကြိုးစားနေသဖြင့် အချိန်ကြာလာသည် နှင့်အမျှ ပိုမိုမှန်ကန်သော ဟောစာတမ်း များကို အသုံးပြုသူများဆီအရောက် ပေး စွမ်းနိုင်မည် ဖြစ်ပါတယ်။

Myanmar Horo Android ဆော့ဖ်၀ဲကို အသုံးပြုရန်အတွှက် ထိုဆော့ဖ်ဝဲ ဖွင့်လိုက်လျှင် login screen ပေါ်လာမည်။ မိမိကိုယ်ပိုင် အကောင့် မရှိသေးလျှင် အကောင့်အသစ်ကို create လုပ်ပါ။ အကောင့် ဖန်တီးပြီးနောက် login လုပ်ပါ။ Myanmar Horoသည် login ဝင်ချိန်တွင် အင်တာနက်နှင့် ချိတ်ထားပါက ဟောစာတမ်းများကို အင်တာနက်မှ တိုက် ရိုက် Download လုပ်နို်င်သည့်အပြင် ဟော စာတမ်းများကို တစ်ပတ်ခန့် ကြိုပြီး Download လုပ်နိုင်မည်ဖြစ်ပါတယ်။ သတိ ပြုသင့်တဲ့အချက်အနေနှင့် မိမိ login ၀င် ချိန်တွင် အဆင်ပြေပါက အင်တာနက်ဖွင့် ထားရန် ဖွင့်ထားရန် InnoLABက အကြံပြု ထားပါတယ်။

တစ်ကြိမ်လုပ်ပြီးလျှင် ဟော စာတမ်းများ ဖုန်းထဲသို့ ရောက်နေပြီး ထပ်မံ download လုပ်ရန် မလိုအပ်ပါ။ Myanmar Horoကို InnoLAB Training and Consultancyက ရေးသားထားပြီး InnoLAB သည် မြန်မာဘာသာဖြင့် အသုံးပြုနိုင်သော ဖုန်းဆော့ဖ်ဝဲများကို ဖန်တီးရန် အတွက် အဆင့်မြင့် အင်္ဂလိပ်စာ သင်တန်းများ ပို့ချ ခြင်း၊ Java programming သင်တန်းများ ဖွင့်လှစ်ခြင်း၊ Android နှင့် Java enterprise ဆော့ဖ်၀ဲများ ရေးသားခြင်း အလုပ်တို့ကို လုပ်ကိုင်လျက် ရှိပါသည်။

အဆိုပါ Myanmar Horo ကိုလဲ Java Program -ming Language ကိုအသုံးပြုပြီး InnoLAB မှ ဖန်တီး ရေးသားထားတာ ဖြစ်ပါတယ်။ ထို Myanmar Horo Android app ဟာ အခမဲ့ဖြစ်ပြီး သီးသန့် အထူး ဟောစာတမ်း များကို ရယူလိုပါက ငွေကျပ် ၁၀၀၀၀ ကျ သင့်မည်ဖြစ်ပြီး ဖုန်းနံပါတ် ၀၁ – ၃၈၈၄၂၇ သို ့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *