Apps

Wireless Devices တွေကိုအသုံးပြုနည်း

ကျွန်တော်အခုပြောမယ့်အကြောင်းအရာကတော့ Wireless Technology အကြောင်းပဲဖြစ်ပါတယ်။ Wireless Device မှာ Indoor Unit နဲ့ Outdoor Unit နှစ်မျိုးရှိပါတယ်။ Indoor Unit က သိတဲ့ အတိုင်း အထဲမှာ ထားသုံးသင့်တာပေါ့။ Outdoor Unit က အပြင်မှာထားသုံးသင့်တာပေါ့။ Indoor Unit က ကျွန်တော်တို့တွေ သုံးသုံးနေတဲ့ Wireless Router တို့ဘာတို့ပေါ့။ Indoor Unit ကိုတော့ အိမ်ထဲ၀င်လာတဲ့ Internet လိုင်းကို အတွင်းမှာ Wireless နဲ့ ပြန်ဖြန့်ချင်တဲ့အခါ သုံးလေ့ရှိပါတယ်။

Outdoor Unit က အပြင်မှာထားတဲ့ Unit ပေါ့။ ဘယ်တွေမှာ အသုံးများလည်းဆိုတော့ Building နှစ်လုံးမှာရှိတဲ့ Network အချင်းချင်းချိတ်တဲ့အခါ Building နှစ်ခုချိတ်တဲ့ Backbone Link ကို ကြိုး (Copper Cable, Fiber Cable) မသုံးဘဲ Wireless Signal သုံးပြီး ချိတ်တဲ့ Case တွေတို့။ Internet ဆိုင်ကနေ ဘေးအိမ်တွေကို Wireless တိုင်ထောင်ပြီး ပေးတဲ့ Case တွေတို့မှာဆိုရင် Outdoor Unit ကို သုံးရပါတယ်။ Outdoor Unit တွေမှာအများဆုံးသုံးတဲ့ Brand တွေက TPLink Brand တို့၊ Engenius Brand တို့၊ SMC Brand တို့ကို အများဆုံးသုံးတာတွေ့ရပါတယ်။

Engenius Outdoor Unit မှာတော့ Water Proof နဲ့ Weather Proof ဆိုပြီး နှစ်မျိုးလာပါတယ်။ Water Proof က မိုးရေထဲမှာ Wireless Device ကို ပစ်ထားလို့ရတယ်။ Weather Proof ဆိုတာက အပြင်မှာ ထားလို့တော့ ရတယ်။ မိုးမစိုအောင်တော့ အမိုးနဲ့တော့ ထားပေးရတယ်။ မိုးနည်းနည်းထိရင်တော့ ရပါတယ်။

Water Proof ကိုတော့ Fully Outdoor Unit လို့လည်း ပြောကြတယ်။ Weather Proof ကိုတော့ Semi Outdoor Unit လို့ခေါ်ကြတယ်။ Engenius Outdoor Unit တွေရဲ့ Specification မှာ Water Proof လား။ Weather Proof လားရေးထားလေ့ရှိတယ်။

Wireless Device တစ်ခုကို Function အမျိုးမျိုးနဲ့သုံးနိုင်တယ်။ Wireless Device က ဘယ် Function တွေကို လုပ်ပေးနိုင်လဲဆိုတာ Specification စာရွက်မှာ ကြည့်ပြီး သိနိုင်ပါတယ်။ Wireless Device တစ်ခုက အလုပ်လုပ်နိုင်တဲ့ Function ကို Mode ဆိုပြီးတော့လည်းခေါ်ကြတယ်။ Wireless Device က ဘာ Mode တွေနဲ့ အလုပ်လုပ်လဲ ဆိုပြီး ပြောကြတယ်။ အဓိကတော့ Mode သုံးမျိုးရှိတယ်။

ရိုးရိုး Access Point Mode, Wireless Bridge Mode, Repeater Mode ဆိုပြီးရှိတယ်။ တစ်ချို့ Wireless Device တွေကတော့ Access Point Mode တစ်ခုကိုဘဲ Support လုပ်တယ်။ တစ်ချို့တွေက Mode အားလုံးကို Support လုပ်တယ်။ Mode တစ်ခုချင်းစီက ဘယ်လို အလုပ်လုပ်လည်းဆိုတာရှင်းပြပါ့မယ်။

Access Point Mode
access-point

 

အပေါ်က Wireless Device ကို Access Point Mode နဲ့ Wireless Router နှစ်မျိုးထားထားတာကို ပြထားတာပါ။ Wireless Device ကို Access Point Mode အနေနဲ့ သုံးတယ်ဆိုတာက သူ့မှာ ကြိုးနဲ့ချိတ်ထားတဲ့ Computer တွေကို သူ့ကို wireless နဲ့ချိတ်ထားတဲ့ Computer တွေနဲ့ ချိတ်ဆက်လို့ရအောင် လုပ်ပေးတာပါ။ ကျွန်တော်တို့ အများဆုံးအသုံးပြုနေတဲ့ Mode တစ်ခုပါ။ ကြုံတုန်း တစ်ခု ပြောချင်ပါတယ်။ Wireless Router နဲ့ Wireless Access Point (WAP) ဆိုတာကိုပါ။ Wireless Access Point က WAN port မပါဘူး။ LAN port တစ် ပေါက်ပဲပါတယ်။

Wireless Router က သူ့ထက်ပိုသာတယ်။ LAN port အပြင် WAN port ပါပါတယ်။ အဓိကတော့ Internet Line ကို Sharing ပေးနိုင်တဲ့ Function ပါလာတာပေါ့။ Technology အရပြောရင်တော့ NAT function ပါလာပါတယ်။ ကျွန်တော်တို့တွေ WAN port မှာ ပေးထားတဲ့ IP တစ်ခုတည်းကိုဘဲ LAN port မှာရှိတဲ့ Computer အားလုံးက ယူသုံးပြီး Internet ကို Access လုပ်တဲ့ Technology ပါ။ NAT ထက်စာရင် PAT (Port Address Translation) or NAT Overload လို့ ပြောရင် ပိုမှန်ပါတယ်။ Source IP အပြင် လိုအပ်ရင် Source Port ပါ Change ပေးသွားတဲ့ Technology မို့လို့ပါ။

Bridge Mode

Bridge Mode ကို Wireless Distribution System (WDS) လို့လည်း ခေါ်ပါတယ်။ WDS ကိုတော့ အဓိကတော့ Outdoor Unit အနေနဲ့ သုံးကြတာများတယ်။ ခြားနေတဲ့ Building နှစ်ခုရဲ့ Network နှစ်ခုကို Wireless နဲ့ ချိတ်တဲ့ အခါကျရင် ထို Mode ကို သုံးကြတယ််။ သုံးတဲ့ Antenna က Omin Atenna ထက်စာရင် Directional Antenna ကို ပို အသုံးများတယ်။

bridge

Repeater Mode

Repeater Mode က Signal ကို အဝေးပိုရောက်အောင် ချဲ့ချင်တဲ့ အခါကျရင်သုံးပါတယ်။ တချို့ Repeater Mode တွေက WPA နဲ့ Encryption လုပ်ထားတဲ့ Singal ကို Repeat လုပ်နိုင်စွမ်းမရှိပါဘူး။ ဆိုတာက Wireless Signal တစ်ခုကို WPA နဲ့ Encrypt လုပ်ပြီးလွှင့်နေတာကို Wireless Device တစ်ခုကနေ Repeater mode အနေနဲ့ Signal range ကို ပြန်ချဲ့မယ်ဆိုရင် မရပါဘူး။ ပြန်ချဲ့ချင်တယ်ဆိုရင်တော့ မူရင်း လွှင့်နေတဲ့ Wireless device ရဲ့ Encryption ကို WEP ပြန်ပြောင်းပေးမှဘဲ ရပါလိမ့်မယ်။

Repeater

တချို့ wireless Device တွေက Bridge Mode ကော Repeater Mode ပါ နှစ်ခုလုံးလုပ်နိုင်တဲ့ WDS with Access Point ဆိုတဲ့ Function ပါပါတယ်။ Belkin Wireless device မှာဆိုရင် ထို Mode ကို Universal Range Extender ဆိုပြီးခေါ်ပါတယ်။

ကျွန်တော်ခုပြောနေတာတွေက Wireless Device တစ်ခုကို ဘယ်ပုံဘယ်နည်းနဲ့ အသုံးပြုနိုင်တယ်ဆိုတာကို သိအောင် ပြောတာပါ။ Device တစ်ခုနဲ့ တစ်ခု ပေါ်မှာ မူတည်ပြီး Configure ချပုံ ချနည်း၊ Mode တွေကို ခေါ်ပုံ ခေါ်နည်း ကွာပါတယ်။

author-avatar

About Kyaw San Tun

ကျော်ဆန်းထွန်းမှာ Myanmar ICTတွင် နည်းပညာဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *