News

“ART + PLUG” ခေါင်းစဉ်ဖြင့် အနုပညာပြပွဲ ကျင်းပပြုလုပ်မည်

၂၀၁၃ ခုနှစ် ဇန်နဝါရီတွင် ပြုလုပ်ခဲ့သော Art + Plug ၏ အနုပညာပြပွဲတွင် ပြခန်းဝင်ကြေး ၂၀ဝ ကျပ် ကောက်ခံခဲ့ပါသည်။

အနုပညာပြပွဲအများစုကို ပြပွဲဝင်ကြေး ကောက်ယူလေ့မရှိသော်လည်း ၁၉၇၉ ခုနှစ်မှ စတင်၍ ခင်ဝမ်း၊ ပိုပို၊ စိုးနိုင်(ဝမ်းတွင်း) တို့၏ လောကနတ် အနုပညာပြခန်း၊ ယုဒသန်ခန်းမတို့တွင် ပြသခဲ့သော ပြပွဲများတွင် ဝင်ကြေးကောက်ယူခဲ့ဖူးပါသည်။

သတိမဲ့ သုံးစွဲနေကျ တန်ဖိုးတစ်ခုအား အနုပညာအတွက် ဖဲ့ပေးစေလိုသော ရည်ရွယ်ချက်ဖြင့် Art+Plug သည် ယခုပြပွဲတွင်လည်း ဝင်ကြေး ၂၀ဝ ကျပ် ကောက်ခံသွားမည် ဖြစ်ပါသည်။

Date : 17 to 19, January 2014
Time : 9:00 am to 5:00 pm
Venue : Pansodan Scene. No. 144, 2rd flr, Pansodan St. (Middle Block),
Kyauktada Tsp., Yangon Myanmar.

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *