News

Photoshop ကို အစားထိုးသုံးနိုင်တဲ့ GIMP

GIMP (GNU Imange Manipulation Program) သည် raster graphics editor ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ အခြေခံအားဖြင့် ပုံကို ပြင်ဆင်မွမ်းမံတဲ့ tool အဖြစ် တည်ဆောက်ထားတာ ဖြစ်ပြီး Microsoft Windows, Apple Mac OS X နဲ့ GNU/Linux တို့မှာ သုံးနိုင်ပါတယ်။ Retouch လို့ ခေါ်တဲ့ ဟိုးယခင်အချိန်များက ဓာတ်ပုံခဲထိုးတဲ့ လုပ်ငန်းမျိုးကို အခု Photoshop, GIMP ကဲ့သို့ ကွန်ပျူတာဆော့ဖ်ဝဲနဲ့ လွယ်ကူစွာ သုံးနိုင်ပါတယ်။ GIMP မှာ အလွတ်ပုံဆွဲနိုင်ခြင်း၊ ပုံကို ချုံ့၊ ချဲ့ခြင်း၊ ဖြတ်တောက်ခြင်း၊ ပုံများစွာကို ပေါင်းစပ်၍ ဒီဇိုင်းထုတ်ခြင်း၊ format အမျိုးမျိုးသို့လည်း ပြောင်းလဲပေးတဲ့ ဂရပ်ဖစ်ဆော့ဖ်ဝဲများနည်းတူ tools များစွာကို သုံးကာ ပုံကို စိတ်တိုင်းကျ ပြင်ဆင်ဒီဇိုင်းထုတ်နိုင်ပါတယ်။ GIF Format ထဲက အခြေခံလှုပ်ရှားမှုရှိတဲ့ ပုံများကိုလည်းတည်ဆောက်နိုင် ပါတယ်။ Icon လည်း ပြုလုပ်နိုင် ပါသေးတယ်။ Web Pages အဖြစ်လည်း ဖန်တီးနိုင်ပါတယ်။ Tools နဲ့ Function များကို အခြေခံအားဖြင့် Photoshop နဲ့တူအောင် ပြုလုပ်ထားတာကို တွေ့ရပါတယ်။ Photoshop ဆော့ဖ်ဝဲလို ပရော်ဖက်ရှင်နယ် သုံးမဟုတ်ပေမယ့် ပုံတွေပြင်ဆင်တာ၊ဒီဇိုင်းထုတ်တာကို ဝါသနာပါတဲ့သူတွေအတွက် အားထားနိုင်တဲ့ အဆင့်မြင့် Graphics Application တစ်ခုဖြစ်ပါတယ်။

ကျွန်မကတော့ GIMP 2.6.11 i686 ကို http://gimp-win.sourceforge.net/index.html ဆိုက်ကနေ download ချယူလိုက်ပါတယ်။ နောက်တစ်နေရာ http://www.gimp.org/downloads/ ဆိုက်ကလည်း ရယူနိုင်ပါသေးတယ်။
ဖိုင်အရွယ်အစားကတော့ 20 MB နီးပါးဖြစ်ပါတယ်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *