News

Archos ၏ Neon အမျိုးအစား တက်ဘလက်များ

Archos က Cobalt, Titanium, Platinum and Gen10 XS အမျိုးအစား တက်ဘလက်များကို ထုတ်လုပ်ရောင်းချနေပြီး ယခုအခါ Neon Series Tablet အမျိုးအစား (၃)မျိုးကို ထပ်မံထုတ်ဖော်ပြသခဲ့ပါတယ်။ အဆိုပါ Tablets များကတော့ Archos 90 Neon, Archos 97 Neon နဲ့ the Archos 101 Neon တို့ ဖြစ်ပါတယ်။

Archos 90 Neon မှာ 9 လက်မ (800 x 480 pixels) Display တပ်ဆင်ထားပါတယ်။ 1.4 GHz Quad-Core, Cortex A9 Processor နှင့် မောင်းနှင်လည်ပတ်မှာ ဖြစ်ပါတယ်။

The Archos 97 Neon မှာ has 9.7 လက်မ (1024 x 768 pixels) Display တပ်ဆင်ထားပြီး 1.6 GHz Quad-Core Cortex A9 Processor နုဲ့ Mali 400 MP4 GPU ထည့်သွင်းအသုံးပြုထားပါတယ်။

The Archos 101 Neon ကတော့ 10.1 လက်မ (1024 x 600 pixels) Display, 1.4 GHz Quad-Core Processor တပ်ဆင်ထားပါတယ်။

အဆိုပါ Tablet (၃)မျိုးစလုံးကို Android 4.2 (Jelly Bean) OS ဖြင့် မောင်းနှင်လည်ပတ်မှာ ဖြစ်ပါတယ်။ Tablet (၃)မျိုးစလုံး၏ အရှေ့ဘက်တွင် VGA ကင်မရာ တပ်ဆင်ထားပါတယ်။ 1GB RAM, 8GB Internal Memory တပ်ဆင်ထားပြီး 64GB ရှိတဲ့ Micro SD ကိုလည်းထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Archos 97 Neon ၏ အနောက်ဘက်တွင်လည်း 2-Megapixel ကင်မရာကိုလည်း တပ်ဆင်ထားပါတယ်။ Tablet (၃)မျိုးစလုံးတွင် WiFi အသုံးပြုနိုင်ပြီး Full HD Video ကိုလည်းကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Google Play Store ပါရှိပြီး Google Application များကိုလည်း ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Battery နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်ကိုတော့ ယခုထက်ထိ မသိရှိရသေးပါ။ Archos ၏ Website တွင် အဆိုပါ Tablet (၃)မျိုးစလုံးကို ထုတ်ဖော်ပြသထားပေမယ့် ရောင်းချမည့်နေ့ရက်နှင့် စျေးနှုန်းကိုတော့ ယနေ့အထိ ကြေငြာထားခြင်း မရှိသေးပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *