သီချင်းများကို နှစ်သက်ခံစားတတ်သူများကတော့ ဘယ်Concert ဘယ်မှာလုပ်မယ်ဆိုတာကို အမြဲစိတ်ဝင်စားကြမှာ မလွဲပါဘူး။ ဒါတွေကို အဆင်ပြေစေဖို့ Bandsintown နှင့် Songkickလိုမျိုး Application တွေက သင့်မိုဘိုင်းပစ္စည်းရဲ့ iTunesတွေထဲက Music Libraries တွေကို Spotifyလို့ခေါ်တဲ့ Music Streaming Services ကိုသုံးပြီး ဖတ်ပေး မှာဖြစ်ပါတယ်။ Pandora နှင့် SoundCloud တွေကတော့ သင့်အနားမှာ ကျင်းပနေတဲ့ Showတွေကို မလွတ်အောင် ကူညီပေးမှာပါ။ နယူးယောက်အခြေစိုက် Bandsintown၏ CEOဖြစ်သူ Julien Mitelbergက Concert ပွဲကို သွားချင်သူတွေမှာ အဓိကအားဖြင့် အကြောင်းပြချက်နှစ်မျိုးရှိပါတယ်။ ပထမတစ်ခုက သူတို့နှစ်သက်တဲ့ Music ပုံစံကို အားပေးချင်တာနှင့် နောက်တစ်ခုက Social ပွဲတစ်ခုလိုမျိုးကို သူငယ်ချင်းတွေနှင့်အတူ သွားချင်တာမျိုးဖြစ်ပါတယ်လို့ ရှင်းပြခဲ့ပါတယ်။ အဆိုပါ Applicationဟာ ကိုယ့်အနီးနားမှာ လက်ရှိကျင်းပမဲ့ ပွဲအတွက် Recommendations တောင်း ခံနိုင်သလို ကိုယ့်ရဲ့ဘယ်သူငယ်ချင်းက ဒီပွဲကိုသွားမလဲဆိုတာကိုလည်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။ထို့အပြင် ၎င်းကို iPhone နှင့် Android ဖုန်းတို့မှာ အသုံးပြုပြီး သူငယ်ချင်းများကိုလည်း ဖိတ်ခေါ်နိုင်ပါတယ်။ ပထမတစ်ခု Bandsintown ကတော့ အသုံးပြုသူများကို သူတို့သူငယ်ချင်းတွေ ဘယ်Bandတွေကို သွားကြည့်မလဲဆိုတာကို ပြောပြပေး မှာဖြစ် ပါတယ်။ နောက်ထပ် Application တစ်ခုကတော့ Songkickဖြစ်ပါတယ်။ ၎င်းကိုအသုံးပြုပြီးတော့ ပွဲလက်မှတ်တွေကို စုံစမ်း ဝယ်ယူနိုင်ပြီး Bandsintown လိုမျိုးပဲ iPhoneနှှင့် Android ဖုန်းတွေမှာအလွယ်တကူ သုံးလို့ရပါတယ်။ Seattle အခြေဆိုက် Rhapsody Internationalမှ ဒုတိယဥက္ကဋ္ဌဖြစ်သူ Paul Springer က အသုံးပြုသူတွေအနေနှှင့် Live ပြတဲ့ပွဲမျိုးကို သွားကြည့်ချင်တဲ့ သူများသာဖြစ်ကြောင်း၊ ဒါပေမဲ့လည်း Live Music Discovery နှင့်တွဲထားတဲ့ သီချင်းCatalog ပုံစံမျိုးကို လက်တွေ့တွင် မရနိုင်ပါဘူးလို ့ပြောခဲ့ပါတယ်။ လွန်ခဲ့သော ၄နှစ်က စတင်ခဲ့သော Thrillcall က အသုံးပြုသူများကို မြို့ကြီးများမှာကျင်းပတဲ့ မည့်သည့်ပွဲအတွက်မဆိုအတွက် ၎င်းတို့၏ ဖုန်းကနေတစ်ဆင့် လက်မှတ် ဝယ်ဖို့ ပြုလုပ်ပေးထားပါတယ်။ထို့ပြင် ကုမ္ပဏီများကလဲ Los Angeles၊ New York၊ Chicago နှင့် San Franciscoရှိ ရုံးခွဲများ၏အကူအညီဖြင့် ပွဲကျင်းပသူများနှင့် ဆက်သွယ်ကာ လက်မှတ်များကို စီစဉ်ပေးလျှက်ရှိပါတယ်။ Thrillcall၏ ပူးတွဲတည်ထောင်သူ တစ်ဦးဖြစ်သည့် Matthew Tomaszewiczက အဆိုပါ Applicationကို အသုံးပြုခြင်းဖြင့် သုံးစွဲသူကိုယ်တိုင် လက်မှတ်များကို စိတ်တိုင်းကျဝယ်ယူနိုင်ပြီး ယခုအခါတွင် မည်သည့် အချိန်မဆို Concert ပွဲပေါင်း ၁သိန်းခန့်ကို Application ပေါ်မှာ ရယူလေ့လာနိုင်ပြီဖြစ်ပါတယ်။
Applicationများက သီချင်းချစ်သူများအတွက် Live Concertများနှင့် အနီးဆုံးနေရာကို ချက်ခြင်း ရှာဖွေကူညီပေးနိုင်မည်

25
Jun