Newsroom

အသိပေးကြေညာခြင်း – ဧပြီလ ၂၀ရက်နေ့

Team ICT.com.mm သည် ယနေ့ ၂၀ ရက်နေ့မှ စပြီး delivery ပို့ဆောင်ခြင်းများကို ပြန်လည် စတင်ပါသည်။ ၁၀ ရက်တိတိ ဝယ်ယူထားသည့် အော်ဒါများကို မှားယွင်းမှု မရှိအောင် supplier များ၊ ဂိုထောင်များ၊ product teamတို့ဖြင့် သေချာ စိစစ်၍ ပို့ဆောင်ပေးလျက်ရှိပါသည်။

လက်ရှိအခြေအနေအရ delivery teamမှအပ ICT.com.mm၏ workforce အကုန်လုံးသည် work from home အနေဖြင့် လုပ်ဆောင်နေသည့်အတွက်ကြောင့် ဝန်ဆောင်မှုများအတွက် လိုအပ်ခဲ့ပါက ကြိုတင်စွာ အနူးအညွတ် တောင်းပန်အပ်ပါသည်။

Delivery team ကိုလည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဥ်းစည်းကမ်းများအပြင်၊ ကိုယ်စွမ်း၊ ဥာဏ်စွမ်း ရှိသမျှ အချိန်နှင့်တပြေးညီ ပြောင်းလဲနေသည့် အချက်အလက်များကို လိုက်နာဆောင်ရွက်ရန် မှာကြားထားပြီး ဖြစ်ပါသည်။

ရန်ကုန်မြို့တွင်းရှိ မြို့နယ်အချို့၊ နေရာဒေသအချို့အတွက် ဖြတ်သန်းသွားလာရာတွင် စည်းမျဥ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်သည့်အတွက် ပို့ဆောင်ရေး အခက်အခဲများရှိနိုင်ပါသည်။ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အော်ဒါများကိုလည်း ကားဂိတ်များ၊ ရထားဘူတာများ၏ လက်ရှိ အချိန်ဇယားအတိုင်း ပို့ဆောင်ပေးသွားပါမည်။

ကြိုတင်ကာကွယ်မှုများအတွက်

၁။ Cashless အားပေးကြပါရန် တိုက်တွန်းပါသည်။ MPUနှင့် Credit Card အသုံးပြုသူများအတွက် ၁၀ သိန်းအောက် 0% surcharge စီစဥ်ပေးထားပြီး၊ WavePay, KBZPay, CBPayနှင့် Bank Transfer တို့ကို surcharge ပေးစရာမလိုပါ။ ၂။ ICT.com.mm၏ Warehouse, Office တွင် Cash on Pickup လာရောက်ရွေးချယ်မှုကို ခေတ္တရပ်နားထားပါသည်။

၃။ အထပ်မြင့်၊ အိမ်ခြံဝန်းများမှ ဝယ်ယူအားပေးသူများအတွက်လည်း ခြံဝ သို့မဟုတ် မြေညီထပ်သို့ လာရောက်လက်ခံပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

၄။ အွန်လိုင်းစတိုးဖြစ်သည့်အလျောက် invoice လက်ခံဘောက်ချာများကိုလည်း အီးမေးလ်ဖြင့်သာ ပို့ပေးမည် ဖြစ်ပါသည်။  

မည်သို့ပင်ဖြစ်စေကာမူ Team ICT.com.mmမှ ကိုယ်စွမ်း၊ ဥာဏ်စွမ်း ရှိသမျှ အကောင်းဆုံးဖြစ်အောင် ဆက်လက် ဝန်ဆောင်မှုပေးနေကြောင်း အသိပေးအပ်ပါသည်။

အခြားသိလိုသည်များ၊ မှာကြားလိုသည်များ ရှိပါက အချိန်မရွေး အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်။

ဖုန်း – 0942 000 4551, 0942 000 4552, 0942 000 4553
အီးမေးလ် – [email protected]
Viber – 0942 000 4551
Facebook Chat – https://m.me/ict.com.mm

Leave a Reply

Your email address will not be published. Required fields are marked *