News, Promotion

Gaming Headphone ကောင်းကောင်းလိုချင်နေသူတွေအတွက် အထူးလျှော့စျေး

ဂိမ်းဆော့တဲ့အခါ ဂိမ်ထဲကို အပြည့်အဝအာရုံစိုက်နိုင်မှ နိုင်ဖို့အခွင့်အရေးများမှာပါ ..။

ဒီလို အပြည့်အဝအာရုံစိုက်နိုင်ဖို့အတွက် Gaming Headset ကောင်းကောင်းတစ်လုံးလိုမယ်ဆိုတာ ဗေဒင်မေးစရာမလိုပါဘူး။

Gaming Headset ကောင်းကောင်းဆိုတာမှာလည်း Branded Gaming Gear တွေရဲ့ဈေးက သာမန်ဂိမ်မာတွေအတွက်အဆင်မပြေနိုင်ပါဘူး..။

ဒါကြောင့် သာမန်ဂိမ်မာတွေအတွက်အဆင်ပြေပြီး Branded Gaming Gear တွေနီးပါး အရည်အသွေးကောင်းတဲ့ Gamdias ရဲ့ HEBE M1 RGB Surround Sound Gaming Headset နဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်..

Surrond Sound Gaming Headset ဆိုတဲ့အတိုင်း နောက်ဆုံးပေါ် 7.1 premium virtual surround sound နည်းပညာကိုသုံးထားတဲ့အတွက် FPS Gamer တွေအတွက်လုံးဝအသင့်တော်ဆုံးပါပဲ …

နောက်ပြီး HEBE M1 မှာ ဂိမ်းဆော့နေစဉ် ကြည်လင်ပြတ်သားတဲ့အသံတွေကို ရှင်းရှင်းလင်းလင်းကြားရဖို့အတွက် 50mm HD Driver unit ကကူညီပေးမှာဖြစ်ပြီး သင်ကိုယ်တိုင် ဂိမ်းထဲကိုရောက်သွားသလို အတွေ့အကြုံမျိူး ခံစားရစေမှာပါ..။

ဂိမ်မာတွေအကြိုက်တွေ့စေမယ့် နောက်ထပ် function တစ်ခုက Headset ရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာ အရောင် ၅ မျိုးအထိစိတ်ကြိုက်ရွေးလို့ရတဲ့ Multi-Color Visual Illumination ဖြစ်ပြီး မှိန်လိုက် လင်းလိုက်ဖြစ်နေတဲ့ အလင်းရောင်တွေက သင်ဟာ ဂိမ်မာတစ်ဦးဖြစ်တယ်ဆိုတာ ပါးစပ်က ထုတ်ပြောစရာမလိုအောင် ဖန်တီးပေးမှာဖြစ်ပါတယ်။

တစ်ခုတောင်းဆိုချင်တာက ပြင်ပကဆူညံသံတွေကို ဖယ်ရှားပေးမယ့် noise cancelling function ပါဝင်တာကြောင့် အိမ်မှာဂိမ်းဆော့နေရင်း အမေခေါ်တာမကြားလို့ ခေါင်းခေါက်ခံရတာတို့ ၊ ချစ်သူဆီကလာတဲ့ ဖုန်းသံမကြားရလို့ စိတ်ကောက်ခံရတာတို့ဖြစ်ရင် HEBE M1 ကိုမငြိုငြင်ဖို့ပါပဲ..

နောက်ပြီး အရွယ်အစားကြီးမားတဲ့ Oversized Earcup Design ကိုမှ Leather Headband နဲ့ Earpad တို့နဲ့ဖန်တီးထားတာကြောင့် ဂိမ်းဆော့နေစဉ်အတွင်း သက်တောင့်သက်သာရှိမှုနဲ့ စိတ်ချမ်းသာမှုတွေကိုပေးစွမ်းမှာပါ။

ထူးခြားတဲ့အချက်အနေနဲ့ ကတော့ Smart Remote Controller ပါဝင်တာပါ…။ ဒီတော့ အသံအတိုးအလျော့ ၊ တုန်ခါမှု ၊ RGB Illumination စတာတွေကို remote လေးနဲ့ထိန်းချုပ်လို့ရမှာဖြစ်ပါတယ်…

ဒီလို Function အပြည့်အစုံ နဲ့ စွမ်းဆောင်ရည်ကောင်းတဲ့ Gamdias HEBE M1 RGB Surround Sound Gaming Headset အား မူရင်းစျေး K51,000 ကို အထူးလျှော့စျေး  K46,000 ဖြင့် ICT.com.mm မှာ ဝယ်ယူလို့ရနေပါပြီ။

Features

  • 7.1 Virtual Surround Sound
  • Feel The Sound With Bass Impact
  • Unidirectional Flexible Microphoner
  • Optimized Earpads
  • 50mm HD driver unit
  • Smart in-line Remote

ဒီလင့်မှာ ဝယ်ယူနိုင်ပါတယ် » https://www.ict.com.mm/product/gamdias-hebe-m1-rgb-virtual-surround-sound-gaming-headphone/

Source » https://web.facebook.com/sln.myanmar/videos/700677654037582

Leave a Reply

Your email address will not be published. Required fields are marked *