Newsroom

အိမ်မှာနေပြီး ကိုဗစ်-၁၉ ဆိုင်ရာ အတွက် အွန်လိုင်းမှ တိုက်ရိုက် လှူဒါန်းနိုင်

covid 19 crowdfunding donation mcf myanmar

အိုင်စီတီပရိတ်သက်ကြီးနှင့် ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သော အွန်လိုင်းမှ ငွေပေးချေမှုပြုလုပ်ပြီး Covid 19 ဆိုင်ရာ လှူဒါန်းနိုင်ပါသည်။ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချူပ် နှင့် ကွန်ပျုတာအသင်းများမှ ပြုလုပ်ထားသော Crowdfunding platform ဖြစ်သည်။ အောက်ပါလင့်သို့ ဝင်ရောက်ပြီး မိမိတတ်စွမ်းသလောက် ရွေးချယ်လှူဒါန်းနိုင်သည်။

Donate here: https://crowdfunding.mcf.org.mm/#/donate

လက်ရှိတွင် Ministry of Health and Sports (MOHS), Yangon General Hospital (YGH), Mandalay General Hospital (MGH) သို့ စာမျက်နှာတွင် ရွေးချယ်၍ တိုက်ရိုက် လှူဒါန်းနိုင်ပြီး၊ လှူဒါန်းလိုသည့် အမျိုးအစားကို Cash, Mask, PPE, Ventilator, Medicines and others ဟူ၍ ခွဲခြားပေးထားသည်။

အလှူရှင် အမည်နှင့် အီးမေးလ် ရိုက်ထည့်ပြီး Visa, Master Card သို့မဟုတ် MPU Cardကို ရွေးချယ်ပြီး ချက်ချင်း ငွေပေးချေလှူဒါန်းနိုင်သည်။ Bank account မှ တိုက်ရိုက်လှူဒါန်းလိုပါကလည်း Bank Information tabကို နှိပ်ပြီး Myanmar Computer Federation- Technical Taskforce၏ AYA နှင့် KBZ ဘဏ်အကောင့်သို့လည်း တိုက်ရိုက် လှူဒါန်းနိုင်ပါသည်။

အိုင်စီတိီ ပရိတ်သက်ကြီးအတွက် မဟာသင်္ကြန်ကာလအတွင်း Covid 19 ဆိုင်ရာ လှူဒါန်းမှုများ ပြုလုပ်ဖို့ စဥ်းစားနေပါက အပြင်ထွက်စရာမလိုပဲ ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ကုသိုလ်ယူနိုင်ခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်းတင်မကပဲ ကမ္ဘာတစ်ဝှမ်းမှ မည်သူမဆို ဝင်ရောက်လှူဒါန်းနိုင်ကြောင်း မျှဝေပေးလိုက်ပါသည်။

Donate here: https://crowdfunding.mcf.org.mm/#/donate

Leave a Reply

Your email address will not be published. Required fields are marked *