News

၂၀၁၄တွင် စူပါမင်းနှင့် လင်းနို့ လူသားတို့ အတူပါဝင်သည့် ဇာတ်ကား ရိုက်ကူးမည်

Super Man and Bat Man

စူပါဟီးရိုး ရုပ်ရှင် ဇာတ်ကားများမှ စူပါမင်းနှင့် လင်းနို့လူသား ဇာတ်ကားများ အတူပါဝင်ထားသည့် ဇာတ်ကားသစ်ကို ၂၀၁၄ခုနှစ်တွင် ရိုက်ကူးသွားမည် ဖြစ်ကြောင်း၊ Warner Bros. Prictures ရုပ်ရှင်ထုတ်လုပ်ရေးမှ ကြေညာထားသည်ဟု သိရသည်။ ယင်းဇာတ်ကားသစ်ကို မကြာမီက ထွက်ရှိခဲ့သည့် Man of Steel ဇာတ်ကား ဒါရိုက်တာ Zack Snyderက ပုံဖော် ရိုက်ကူးမည် ဖြစ်ပြီး စူပါမင်း ဇာတ်ရုပ်အတွက် သရုပ်ဆောင်ကို လက်ရှိ Super Man မင်းသား ဟင်နရီကဗေးက ပါဝင် သရုပ်ဆောင်မည် ဖြစ်ပြီး လင်းနို့လူသား Bat Manအဖြစ် သရုပ်ဆောင်မည့် သူကို ယခုအချိန်အထိ မသိရသေးကြောင်း ဆိုပါသည်။

Man of Steel ဇာတ်ကားသည် ယခုနှစ် နွေရာသီအဖွင့် ဇွန်လတွင် စတင်ပြသခဲ့ရာ ပြသချိန် ပထမပတ်အကုန်မှာပင် ဝင်ငွေ အမေရိကန် ဒေါ်လာ ၂၃၆ဒဿမ ၁သန်းဖြင့် စံချိန်ချိုးနိုင်ခဲ့သည်။ “စူပါမင်းန်နဲ့ လင်းနို့လူသားတို့ဟာ ကမ္ဘာကျော် စူပါဟီးရိုးများ ဖြစ်ကြပြီး ယခု ရိုက်ကူးမယ့် ဇာတ်ကားသစ်မှာ သူတို့နှစ်ဦးကို ထူးခြားစွာ တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ သရုပ်ဆောင် ဟန်နရီကဗေးနဲ့ အလုပ်အတူ လုပ်ဖို့အတွက် စိတ်လှုပ်ရှားမိတယ်”ဟု ဒါရိုက်တာ Zack Snyderက ပြောကြားသည်။
၎င်းအပြင် အဆိုပါ ဇာတ်ကားတွင် အေမီအေဒမ်၊ Laurence Fishburne၊ Diane Laneတို့လည်း ပါဝင် သရုပ်ဆောင်ကြမည် ဖြစ်ပြီး The Dark Night ဇာတ်ကားတွင် လင်းနို့လူသားအဖြစ် ပါဝင်သူ ခရစ္စတင်းဘေးလ်က ယခု အသစ်ရိုက်ကူးမည့် ဇာတ်ကားတွင် ပါဝင်နိုင်မည် မဟုတ်ကြောင်း ဝါနာဘရားသားစ်မှ သတင်းထုတ်ပြန်ထားသည်ဟု သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *