News

တော်၀င်မင်းသားလေးရဲ့ နာမည်တောင် လောင်းကြေး တင်နေပြီ

မနေ့က အင်္ဂလန် စံတော်ချိန် ညနေ ၄ နာရီ ၂၄ မိနစ်မှာ အင်္ဂလန် တော်၀င်မင်းသား ၀ီလျံနဲ့ ကြင်ရာတော် ကိတ်မစ်ဒယ်တန် တို့ရဲ့ သားဦးလေး ဖြစ်တဲ့ တော်၀င်မင်းသားလေးရဲ့ သတင်းကတော့ လတ်တလော နိုင်ငံတကာ သတင်းလောကမှာတော့ လူပြောများနေပါတယ်။ ဒီနေရာမှာ တော်၀င်မင်းသားလေး မွေးဖွားတဲ့ သတင်းနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေကိုသာ လူပြောများနေပေမယ့် မင်းသားလေးရဲ့ နာမည်နဲ့ ပတ်သက်တဲ့ အကြောင်း တစ်စုံတစ်ရာ၊ သတင်း တစ်ခုနှစ်ခုကိုမှ မတွေ့ရတာ ထူးဆန်းပါတယ်။ ဒါပေမယ့် ကျွန်တော် ထူးဆန်းတယ်လို့ ပြောတဲ့ အရာထက် အခု ကျွန်တော် ရေးနေတဲ့ သတင်းက ပိုပြီး ထူးဆန်းတာ တွေ့ရပါတယ်။ ဗြိတိန်ရဲ့ တော်၀င်မင်းသားလေးရဲ့ မှည့်ခေါ်မယ့် နာမည်ကို လောင်းကြေးတင်ပြီး လောင်းကစားနိုင်အောင် အိုင်ယာလန်အခြေစိုက် Paddy Power ကနေ စီစဉ်ထားတာပဲ ဖြစ်ပါတယ်။

စိတ်၀င်စားစရာပဲ ဖြစ်ပါတယ်။ လတ်တလော ရေပန်းစားနေတဲ့နာမည်တွေကတော့ Alexandra, George နဲ့ Victoria တို့ပဲ ဖြစ်ပါတယ်။ အဆိုပါ နာမည်သုံးမျိုးကတော့ ကြေးအများဆုံးဖြစ်နေပါတယ်။ Charlotte, James, Alexander, Elizabeth စတဲ့ နာမည်တွေကလည်း ဒုတိယနေရာလိုက်နေပြီး Wayne, Fergie စတဲ့နာမည်တွေကတော့ လူစိတ်၀င်စားမှု အနည်းဆုံးနေရာမှာ ရှိနေပါတယ်။ အသေးစိတ် သိရှိလိုသူတွေ အတွက်တော့ အောက်မှာ ဖော်ပြထားတဲ့ Link လေးပေါ်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

Ref : www.businessinsider.com/what-will-be-royal-babys-name-be-2013-7

Leave a Reply

Your email address will not be published. Required fields are marked *